ဘာပစ္စည်းမှမကျန်အောင် ပြာကျသွားခဲ့ရတာကြောင့် မီးဘေးအတွက် အကူအညီလိုအပ်နေကြတဲ့ အိမ်ထောင်စု(၈၀)

//s9.kh1.co/cc/ccd7abaef11d9d68ec8378b031a22cbcfd7bca5b.jpeg
နေ့စဉ်သတင်းများ

 ၂၉-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဘာပစ္စည်းမှမကျန်အောင် ပြာကျသွားခဲ့ရတာကြောင့် မီးဘေးအတွက် အကူအညီလိုအပ်နေကြတဲ့ အိမ်ထောင်စု(၈၀)

ယခုလိုအချိန်မျိုးမှာဆိုရင် ပြည်သူလူထုက မိမိတို့ရဲ့အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံအောင်လို့ ဂရုတစိုက်နဲ့နေထိုင်နေရတာပဲဖြစ်ပါတယ်။ပြည်သူအချင်းချင်းကလည်း ကာကွယ်စောင့်ရှောက်ပေးကြပြီး အခက်အခဲနဲ့ကြုံတွေနေရရင်လည်း တတ်နိုင်သလောက်ကူညီဖေးမပေးကြတာဖြစ်ပါတယ်။မတ်လ(၂၇)ရက်နေ့ညကဆိုရင်တော့ပြည်ကြီးတံခွန်မြို့နယ် (57လမ်း 56လမ်းကြား)(117 116ကြား)တွင် မီးကွင်းပစ်ခံလိုက်ရတာကြောင့် အိမ်ခြေ(၆၀)ခန့် မီးလောင်သွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မီးလောင်နေချိန်မှာ မီးသတ်ကားများအချိန်မီငြှိမ်းသတ်မှုများမပြုလုပ်နိုင်သလို ရပ်ကွက်နေပြည်သူတွေကလည်းသေနတ်ပစ်ဖောက်သံကြောင့် ကူညီပေးလို့မရတဲ့အခြေအနေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဘာပစ္စည်းမှမကျန်အောင် အကုန်လောင်ခဲ့တာကြောင့် မီးဘေးအတွက် အကူအညီလိုအပ်နေကြတဲ့ အိမ်ထောင်စု(၈၀)ရှိနေတာဖြစ်ပါတယ်။လူဦးရေက (၃၅၀)နဲ့(၄၀၀)ကြားရှိပြီး ကလေးလေးတွေလည်းပါဝင်နေတာကြောင့် သူတို့အတွက် မိုးကာတဲတွေ၊စောင်၊ခြင်ထောင်၊ခေါင်းအုံးတွေ လိုအပ်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုအချိန်မျိုးမှာ မိမိတို့ပိုင်ဆိုင်သမျှပစ္စည်းလေးတွေနဲ့နေအိမ်ကိုပါ ဆုံးရှုံးလိုက်ရတဲ့သူတွေအတွက် ပြည်သူတွေက ကူညီပြီးအလှူခံပေးနေကြကာ စေတနာရှင်၊အလှူရှင်တွေကလည်း တတ်နိုင်သလောက်လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။မီးဘေးနဲ့ရင်ဆိုင်ခဲ့ရတဲ့ပြည်သူတွေကလည်း အကုန်လုံးပြာကျသွားရတဲ့မိမိတို့ရဲ့နေအိမ်လေးကိုထိုင်ကြည့်ပြီး ဝမ်းနည်းနေကြတာဖြစ်ပါတယ်။အခုလိုမျိုး ဘာမှမကျန်တော့လောက်အောင် အခက်အခဲနဲ့ကြုံနေရတဲ့သူတွေကို ပြည်သူတွေကလည်း တတ်အားသ၍ပါဝင်လှူဒါန်းပေးကြဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T