အသက်ကိုစွန့်လွှတ်ပြီးလမ်းပေါ်ထွက်နေတာကြောင့် မကျဆုံးခင်ကတည်းက ကြိုတင်ရေးသားထားခဲ့တဲ့ဒေါက်တာသီဟတင်ထွန်းရဲ့သေတမ်းစာ

//s9.kh1.co/d7/d760a854efb23ba1556c6fcfaaa4eb26a7dd0afc.jpeg
နေ့စဉ်သတင်းများ

 ၂၉-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အသက်ကိုစွန့်လွှတ်ပြီးလမ်းပေါ်ထွက်နေတာကြောင့် မကျဆုံးခင်ကတည်းက ကြိုတင်ရေးသားထားခဲ့တဲ့ဒေါက်တာသီဟတင်ထွန်းရဲ့သေတမ်းစာ

လက်ရှိအချိန်ထိအသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေထဲမှာ နိုင်ငံအတွက်အားကိုးအားထားပြုလို့ရတဲ့ ပညာတတ်လူငယ်လေးတွေလည်း အများအပြားပါဝင်နေတာဖြစ်ပါတယ်။မိဘတွေအနေနဲ့လည်း မိမိတို့ကျွေးမွေးပြုစုစောင့်ရှောက်လာရတဲ့ အဖိုးတန်သားသမီးလေးတွေကို ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတတ်ဖြစ်နေကြတာဖြစ်ပါတယ်။(၂၇.၃.၂၀၂၁)ရက်နေ့ကဆိုရင်တော့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကိုသီဟတင်ထွန်းက လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးသွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒေါက်တာသီဟတင်ထွန်းက ပြင်ဦးလွင်ဆေးရုံမှ လက်ထောက်ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။အသက်ပေါင်းများစွာကိုကယ်တင်ပေးနေတဲ့ ဒေါက်တာသီဟတင်ထွန်းကျဆုံးသွားတဲ့အတွက် ပြည်သူတွေကလည်း နှမျောတသဖြစ်ပြီး ယူကြုံးမရဖြစ်နေကြတာ ဖြစ်ပါတယ်။ဒေါက်တာသီဟတင်ထွန်းရဲ့မိခင်ကတော့ သားလေးအတွက် ဂုဏ်ယူနေပြီး “စိတ်ကိုပိုင်းဖြတ်ထားလိုက်ပါပြီ နိုင်မယ့်အချိန်ကိုစောင့်နေပါတယ်”လို့လည်း သားရဲ့အသိ၊မိတ်ဆွေတွေကိုမှာလိုက်သေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒေါက်တာသီဟတင်ထွန်းကလည်း အသက်ကိုစွန့်လွှတ်ပြီးလမ်းပေါ်ထွက်နေတာကြောင့် သူမကျဆုံးခင်ကတည်းက သေတမ်းစာကို ကြိုတင်ရေးသားထားခဲ့တာဖြစ်ပါတယ်။သေတမ်းစာထဲမှာ သူတစ်ခုခုဖြစ်ခဲ့ရင် “ကျွန်တော့်ကို ဂုဏ်ယူပါ၊အကြာကြီး စိတ်မဆင်းရဲပါနဲ့”ဆိုပြီး မိခင်ကိုမှာခဲ့သလို့ ချစ်သူအတွက်လည်း ဒီလိုမျိုးအရင်သွားနှင့်ခဲ့လို့ အားနာနေတဲ့အကြောင်းကို စာထဲမှာ ရေးသားထားတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ အတူတူရင်ဆိုင်ခဲ့ကြတဲ့ ပြည်သူတွေကိုလည်း မလျော့သောဇွဲနဲ့ဆက်လက်ရင်ဆိုင်သွားဖို့ မှာခဲ့တဲ့ သေတမ်းစာစာရွက်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T