နိုင်ငံရပ်ခြားကိုရောက်နေပေမယ့် CRPH အတွက်အလှူငွေတွေ ထည့်ဝင်လှူဒါန်းပြီး တတ်နိုင်သလောက်ပါဝင်အားဖြည့်နေတဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/7e/7e20d887a59f1ae9a22d53e34dd8733a06fc5be2.jpg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. လက်ရှိနယူးယောက်မြို့မှာ အခြေချနေထိုင်နေတဲ့ မော်လ်ဒယ်သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ မြန်မာနိုင်ငံမှာလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ပြီး တတ်နိုင်သလောက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

ဥက္ကာမင်းမောင်ကတော့ မြန်မာ့အရေးအတွက် နယူးယောက်မြို့မှာပြုလုပ်တဲ့ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ဆောင်နေသလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။

Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc

နိုင်ငံရပ်ခြားကိုရောက်ရှိနေပေမယ့်လည်း အမိမြေအတွက် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်လုပ်ဆောင်နေတဲ့ ဥက္ကာမင်းမောင်ကတော့ CRPH အတွက်အလှူငွေတွေ ထည့်ဝင်လှူဒါန်းပြီး အားလုံးနဲ့အတူပါဝင်အားဖြည့်ခဲ့ပါသေးတယ်..။

လက်ရှိအချိန်မှာ တတ်နိုင်သလောက်လှူဒါန်းထားသလို သူ့အနေနဲ့ အသက်ရှင်နေသရွေ့ အလုပ်လုပ်နိုင်နေသရွေ့လည်း ဆက်ပြီးလှူဒါန်းသွားမယ့်အကြောင်းကိုပြောပြရင်း ပရိသတ်တွေကိုလည်း လှူဒါန်းကြဖို့ တိုက်တွန်းထားပါသေးတယ်..။

Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc

"တတ်နိုင်သလောက်လှူထားပါတယ်.. အသက်ရှင်နေသရွေ့ အလုပ်လုပ်နိုင်နေသရွေ့ ဆက်ပြီးလဲလှူသွားပါမယ်.. CRPH အတွက် လှူချင်သူများလဲ ဒီ link ကိုနှိပ်ပြီး လှူဒါန်းနိုင်ပါကြောင်း.. အလှူငွေ ဒေါ်လာ ၆.၈ သန်းကျော်တောင်ရနေပြီ.. အရေးတော်ပုံအောင်ရမည်.. တဖက်တလမ်းက အုတ်တချပ်သဲတပွင့် ဆက်လက်ပါဝင်ပံ့ပိုးသွားပါမယ်.." ဆိုပြီး အလှူမှာပါဝင်ထားတဲ့အကြောင်းကို ဝေမျှထားတာပါ..။

ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်အစွမ်းကုန် ပါဝင်အားဖြည့်နေတဲ့ ဥက္ကာမင်းမောင်ရဲ့ စိတ်ထားနဲ့ ကြိုးစားမှုတွေကိုလည်း အားလုံးကချီးကျူးနေကြတာ တွေ့ရပါတယ်..။

Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc

သတင်း အရင်းအမြစ်Okkar Min Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T