ပရိသတ်ကြီးရေ Miss Grand Myanmar 2020 winnerဆုရှင် အလှမယ် ဟန်လေးက လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက အကြောင်းအရာတွေကို ကမ္ဘာတစ်ဝန်းက ကြည့်ရှုသူ သန်းနဲ့ချီတဲ့ လူထုထံ ချပြနိုင်ခဲ့သူတစ်ယောက်ပါ။ ကိုယ်ကျိုးကို မငဲ့ပဲ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတာတွေကို အများသိဖို့အတွက် Miss Grand International စင်မြင့်ထက်မှာ ရဲဝံ့စွာ ပြောပြခဲ့တဲ့ ဟန်လေးက ယနေ့မှာလည်း ပြည်သူလူထူအတွက် အကူအညီတစ်ခုပေးလာခဲ့ပါတယ်။
ဒါကတော့ သူလက်ရှိနေထိုင်ရာ ထိုင်းနိုင်ငံက မီဒီယာတွေနဲ့ ဆွေးနွေးခဲ့ပြီး နေ့စဥ်ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရေး အခြေအနေတွေကို နိုင်ငံတကာက သတင်းမီဒီယာတွေ သိရှိဖို့အတွက် ချပြပေးဖို့ပဲ ဖြစ်ပါတယ်။ ဟန်လေးက မကြာသေးတဲ့ နာရီပိုင်းအချိန်လောက်က သူမရဲ့ Facebook Account ထက်မှာ " မြန်မာနိုင်ငံရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ သတင်းတွေပုံတွေရှိရင် ဟန်လေးကို နေ့စဉ်ပို့ပေးလို့ရပါတယ် ထိုင်း Media တွေကနေတဆင့် နေ့စဉ် မြန်မာအကြောင်း Report လုပ်ဖို့ ဒီနေ့ ဟန်လေးသတင်းဌာနနဲ့ဆွေးနွေးပြီးပါပြီ " ဆိုတဲ့ စာသားလေးကို ရေးသားခဲ့တာပါ။
အခုလို သတင်းဌာနတွေပိတ်ထားတဲ့အချိန်မှာ ဟန်လေးက နိုင်ငံတကာကို နေ့စဉ်သတင်းမရောက်နိုင်မှာစိတ်ပူနေကြတဲ့ ပြည်သူတွေအတွက် မြန်မာနိုင်ငံအတွင်း နေ့စဉ်ဖြစ်ပျက်နေတာတွေကို Media ကနေတဆင့် သိခွင့်ရအောင် ဒီနေ့ကစပြီး သတင်းတွေတင်ပေးပါ့မယ်လို့ ပြောလာခဲ့ပါသေးတယ်။ သူမ တတ်နိုင်တဲ့ဘက်ကနေ ကူညီအားဖြည့်ပေးနေတဲ့ ဟန်လေးက သူမရဲ့ စာသားအဆုံးမှာ "မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းဖို့ဆုတောင်းပါတယ် " ဆိုတဲ့ ဆုတောင်းစကားကိုလည်း ရေးသားလာတာဖြစ်လို့ ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source & Photo credit - Han Lay's Facebook Account