မြန်မာနိုင်ငံကကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် မိုးထဲလေထဲမှာတောင် ဆုတောင်းပွဲပြုလုပ်ပေးခဲ့ကြတဲ့ တောင်ကိုရီးယားပြည်သူများ

//s9.kh1.co/82/82fe6f8eea2100da28ff5abb33e50905181b8a43.jpg
နေ့စဉ်သတင်းများ

 ၃၀-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံကကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် မိုးထဲလေထဲမှာတောင် ဆုတောင်းပွဲပြုလုပ်ပေးခဲ့ကြတဲ့ တောင်ကိုရီးယားပြည်သူများ

လက်ရှိမှာဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို နိုင်ငံတကာသတင်းမီဒီယာတွေကလည်း အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေကြတာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံက ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီး အားပေးစကား အမြဲတမ်းပြောကြားပေးနေတဲ့ နိုင်ငံတွေထဲမှာတော့ တောင်ကိုရီးယားနိုင်ငံကလည်း အပါအဝင် ဖြစ်ပါတယ် ။ တောင်ကိုရီးယားနိုင်ငံက သူတို့တတ်နိုင်တဲ့ဘက်ကနေ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပြီး မြန်မာပြည်သူတွေကို ဖေးမကူညီနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမီဒီယာတွေကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို အားလုံးသိအောင် ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ် ။ တောင်ကိုရီးယားပြည်သူတွေကလည်း ဓာတ်ပုံပြပွဲ၊ သံပုံးတီး Campaign၊ ထဘီအလံလွှင့် Campaign စတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ပေးခဲ့ကြပါသေးတယ်။ ဒါ့အပြင် သူတို့က ကျဆုံးသွားတဲ့မြန်မာနိုင်ငံက သူရဲကောင်းတွေအတွက်လည်း ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြီးခဲ့တဲ့ရက်ကလည်း တောင်ကိုရီးယားနိုင်ငံ အောက်ပိုင်း(ဂွမ်ဂျူးကြီး)မှာရှိတဲ့ ပြည်သူတွေက တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေနဲ့ပူးပေါင်းပြီး ဆုတောင်းပွဲတစ်ခုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ မိုးထဲလေထဲမှာတောင် မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေရဲ့ပုံရိပ်က အခုဆိုရင် လူမှုကွန်ယက်စာမျက်နှာတွေထက်မှာ ပျံ့နှံနေတာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံက ပြည်သူတွေကလည်း တောင်ကိုရီးယားလူမျိုးတွေရဲ့ကြိုးစားအားထုတ်မှုတွေကိုကြည့်ပြီး ချီးကျူးလေးစားနေကြတာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T