အိုးအိမ်စွန့်ခွာသွားရတဲ့ တိုင်းရင်းသားမောင်နှမများအတွက် တတ်နိုင်သလောက်ဆက်သွယ် လှူဒါန်းသွားမယ့် နော်ဖော်အယ်ထား

//s9.kh1.co/8a/8a258878225a3acaa648d4bf7490d83592e5a10e.jpeg
အနုပညာရှင်များ

 ၃၀-မတ်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  နော်ဖော်အယ်ထားကတော့  လက်ရှိမြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုများတွင်  ပြည်သူများနဲ့အတူ  ပူးပေါင်းကာ တက်ကြွစွာပါဝင်နေသူ  တစ်ဦးလည်း  ဖြစ်ပါတယ်။ အမှန်တရားဘက်မှ  ရပ်တည်ပေးနေကြသူများကိုလည်း  ဂုဏ်ယူနေကြောင်းကိုလည်း  သူမရဲ့ လူမှုကွန်ယက်တွင်ရေးသားနေတာလည်း  ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွင်  ပါဝင်ပြီး  ကျဆုံးသွားခဲ့ရတဲ့  သူရဲကောင်းတွေအတွက်လည်း  တတ်နိုင်သလောက်  လှူဒါန်းနေတာကိုလည်း  မြင်တွေ့ရမှာပါ။ 

Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း  အချိန်နဲ့အမျှ  အရေးကြီးတဲ့သတင်းအချက်အလက်တွေအား  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။ အခုမှာလည်း  အိုးအိမ်စွန့်ခွာသွားရတဲ့ တိုင်းရင်းသားမောင်နှမများအတွက်စိတ်မကောင်းဖြစ်နေပြီး တတ်နိုင်သလောက်လှူဒါန်းသွားမယ့်အကြောင်းကို နော်ဖော်ရဲ့ Facebook Page တွင် အခုလိုပဲ ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 

" ခုချိန်မှာအိုးအိမ်ကိုစွန့်ခွာသွားရတဲ့ စစ်ဘေးရှောင် ကရင် ကချင် နှင့် တိုင်းရင်းသားမောင်နှမများ အတွက်လွန်စွာစိတ်မကောင်းဖြစ်မိပါတယ်။

အခုတော့ ကျွန်မချစ်ရတဲ့သူတွေအတွက် နှလုံးသားကျိုးပဲ့ကြေမွပြီး ငိုကြွေးမြည်တမ်းရတဲ့အချိန်ကို ရောက်လာခဲ့ပါပြီ?

မြန်မာပြည်တစ်ခုလုံး ပူဆွေးဝမ်းနည်းနေရချိန်မှာ ဒေသအသီးသီးက အသက်စွန့်ရသူတွေ နဲ့ ဒုက္ခိတဖြစ်ရသူတွေရဲ့မိသားစုတွေ၊ စစ်ဘေးကိုရှောင်ပုန်းပြေးနေရတဲ့ လူမမယ်ကလေးငယ်တွေ နဲ့ အသက်အရွယ်ကြီးရင့်သူတွေ၊ နာမကျန်းဖြစ်သူတွေနဲ​့ ပြိုကွဲပျက်စီးသွားတဲ့ မိသားစုတွေရဲ့ ဘဝဟာ သိပ်ကိုခါးသီးလွန်းပါတယ်...?

နှစ်ပေါင်း (၇၀) လောက်ကြာခဲ့ပြီဖြစ်တဲ့ ဒီခါးသီးမှု နဲ့ ဒုက္ခတွေဟာ ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ဖို့ ကျွန်မဆုတောင်းနေမိတယ်

ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဆက်သွယ်လှူဒါန်းကူညီစောင့်ရှောက်သွားမှာမို့ လှူဒါန်းလို့တဲ့နေရာတွေရှိရင်ပြောပြပေးပါနော်??

ကိုယ်တိုင်သွားရောက် လှူဒါန်းချင်ပေမဲ့ အခြေအနေအရ သွားလာဖို့ အဆင်မပြေတာမို့ သွားလို့ရတဲ့တစ်နေ့ကျရောက်အောင်လာခဲ့ပါ့မယ်လို့ ကတိ ပြုချင်ပါတယ်??" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက်  ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Naw Phaw Eh Htar’s Facebook Page 

Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T