ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့အိမ်ကို သွားရောက်လှူဒါန်းရင်း ဖြေမဆည်နိုင်အောင်ဝမ်းနည်းလွန်းလို့ ငိုကြွေးခဲ့ရတဲ့ မီးနို

//s9.kh1.co/bc/bc54d13350f0a64eb4492c0d1db99186fb8ecdf9.jpg
အနုပညာရှင်များ

 ၃၁-မတ်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

အသံချိုချိုလေးတွေနဲ့ သီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့လက်ခံအားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော်မီးနိုကတော့ လက်ရှိအခြေအနေတွေမှာ တတ်နိုင်သလောက် ပြည်သူတွေနဲ့ အားဖြည့်ပါဝင်နေသူပါ..။

အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သူမကတော့ လူထုလှုပ်ရှားမှုတွေမှာ အားလုံးနဲ့အတူ ရပ်တည်ပါဝင်နေသလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေပြီး ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း ယူကြုံးမရဝမ်းနည်းနေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

မီးနိုကတော့ စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေကို လှူဒါန်းမှုတွေပြုလုပ်နေပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာကျဆုံးသွားကြတဲ့ ပြည်သူ့သူရဲကောင်းတွေရဲ့မိသားစုတွေအတွက်လည်း လှူဒါန်းမှုတွေပြုလုပ်ရင်း ဆုံးရှုံးခဲ့ရတာတွေအတွက် ယူကြုံးမရဝမ်းနည်းကာ ငိုခဲ့ရတဲ့အကြောင်းလေးတွေကို ပြောပြလာပါတယ်..။

သူငယ်ချင်းတွေနဲ့အတူစုပေါင်းပြီး စားနပ်ရိက္ခာနဲ့ အလှူငွေတွေကို လိုအပ်ပြီးခက်ခဲနေကြတဲ့ပြည်သူတွေအတွက် ထိထိရောက်ရောက်လှူဒါန်းနိုင်ခဲ့တဲ့ အလှူပုံရိပ်တွေကိုလည်း မီးနိုက အသိပေးဝေမျှထားတာလည်း တွေ့ရပါတယ်..။

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

"မနေ့က လှိုင်သာယာဘက်သွားလှူရင်း သမိုင်းဘက်ကိုဝင်ပြီး ကျဆုံးသွားတဲ့၁၆နှစ်သားအိမ်ရောက်တော့ မီးနိုကိုယ်တိုင် မခံစားနိုင်တော့လို့ သူ့အမေနဲ့ဖက်ပြီးငိုခဲ့ရပါတယ်.. နိုင်ငံရဲ့အဖိုးတန်ဆုံးကြယ်တွေ ကြွေတာ အရမ်းကိုနစ်နာပါတယ်..

မီးနိုတို့တွေ မနေ့က နွေဦးတော်လှန်ရေးတိုက်ပွဲမှာ လှိုင်သာယာက ကျဆုံးသွားတဲ့အာဇာနည်သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုများနဲ့ ဒဏ်ရာရရှိတဲ့သူရဲကောင်း စုစုပေါင်း ၅ ဦးကို အလှူငွေကျပ် ၁၀၀,၀၀၀ ကျပ်စီ (စုစုပေါင်း ငါးသိန်းကျပ်) နှင့် ရာဘာကျည်မျက်လုံးထိမှန်သွားတဲ့ တစ်နှစ်အရွယ် သမီးလေးရဲ့ဆေးကုသစားရိတ်အတွက်သုံးနိုင်ရန် အလှူငွေ ၁၀၀,၀၀၀ ကျပ် လှူဒါန်းခဲ့ပါတယ်။

နောက်ထပ် မီးနိုတို့တွေ လှိုင်သာယာ၊ ဒိုင်စုရပ်ကွက် လိုအပ်နေတဲ့အိမ်ထောင်စု (၁၀၀) အတွက် ဆန်၊ ဆီ၊ ကြက်သွန်နဲ့ ကြက်ဥ အခြေခံစားသောက်ကုန်တွေကို လှူတန်းခဲ့ပါတယ်..

မီးနိုတို့အဖွဲ့နဲ့အတူ မီးနိုအသိ အကိုတစ်ယောက်ကလည်း တစ်အိမ်ကို အလှူငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် အိမ်ထောင်စု (၁၀၀) အတွက် စုစုပေါင်း တစ်ဆယ်သိန်းကျပ် လှူဒါန်းပေးခဲ့ပါတယ်ရှင်။

(အလှူလေးဖြစ်မြောက်ဖို့ ကူညီပေးခဲ့ကြတဲ့ မီးနိုရဲ့ မိတ်ဆွေတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်)

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

ခုဆိုရင် မီးနိုတို့ရဲ့ ပရိတ်သတ်မောင်နှမတွေနဲ့ ပထမဆုံးအကြိမ်စုပေါင်းလှူဒါန်းမှုလေး အောင်အောင်မြင်မြင်လှူတန်းပြီးစီးခဲ့ပါပြီ...

မီးနိုရဲ့ ပထမဆုံးအကြိမ် စုပေါင်းအလှူလေးဟာဆိုရင် နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့သူရဲကောင်းများ၊ အမှန်တကယ်လိုအပ်နေသူ မိဘပြည်သူများ၊ ကချင်စစ်ဘေးရှောင်မိဘပြည်သူများနဲ့ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတို့ရဲ့ ကျန်ရစ်သူမိသားစုတို့အတွက် ထိရောက်အောင်ကူညီနိုင်ခဲ့တာမို့ မီးနိုကို ယုံယုံကြည်ကြည်နဲ့ အလှူငွေစုပေါင်းပါဝင်လှူဒါန်းပေးကြတဲ့ ပရိတ်သတ်မောင်နှမတစ်ဦးတစ်ယောက်ချင်းစီကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါရစေရှင် ?

မီးနိုရဲ့ ပရိတ်သတ်မောင်နှမတွေနဲ့ ဒီလိုစုပေါင်းအလှူလေး လှူဒါန်းခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်သလို နောက်လည်း အခါအခွင့်ကြုံတိုင်းမှာ မီးနိုကစုပေါင်းအလှူလေးတွေ စီစဉ်ပေးဖို့ရှိတာမို့လို့ နောက်အခါများမှာလည်း မီးနိုချစ်ရတဲ့ ပရိတ်သတ်မောင်နှမတွေနဲ့ တူတူလှူဒါန်းခွင့်ရဖို့မျှော်လင့်ပါတယ်ရှင်...

အားလုံး ဂရုစိုက်ကြပါနော် ❤

မီးနိုတို့ပြည်သူတွေရဲ့ အောင်ပွဲနီးလာပြီမို့ အားလုံးဆက်ကြိုးစားရအောင် ?.." ဆိုပြီး သူမတို့သူငယ်ချင်းတွေရဲ့ အလှူအကြောင်းကို မီးနိုက ပြောပြထားတာပါ..။

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

သတင်း အရင်းအမြစ်Mee No's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T