အခုလိုအခြေအနေတွေကြောင့် ဆက်လက်ရပ်တည်ဖို့ခက်ခဲနေတဲ့ ပြည်သူအချို့ထံ လှူဒါန်းခွင့်ရလို့ ပီတိဖြစ်ခဲ့ရတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/b8/b82e160846eb821c969e363d2bdce3452defb2e8.jpg
အနုပညာရှင်များ

 ၃၁-မတ်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အများက ချစ်စနိုးနဲ့ ပရဟိတမင်းသမီးကြီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် အလှူအတန်းတွေကိုရက်ရောသူတစ်ယောက်ပါ။ " ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ" ကိုလည်း ဦးစီးတည်ထောင်ထားတဲ့ သူမက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကာ တရားမျှတမှုရရှိရေးမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ 

Photo credit - Khine Hnin Wai's Facebook Account

ဒါ့အပြင်လည်း ပြောင်းလဲခဲ့တဲ့ အခြေအနေတွေကြောင့် ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေတဲ့ ပြည်သူတွေထံ လိုအပ်တာတွေကိုလည်း သွားရောက်လှူဒါန်းလေ့ရှိတာပါ။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက အစားအသောက်ခက်ခဲနေကြတဲ့ ပြည်သူတွေထံ ပြောင်းဖူး ၊ ကြက်သွန်နီ၊ ဆန်နဲ့ အအေးတွေကို ဝေငှခဲ့ပါတယ်။ သွားရောက်လှူဒါန်းခဲ့တဲ့ ကြည်နူးစရာ အလှူပုံရိပ်တွေကိုလည်း သူမရဲ့ Facebook Account ထက်မှာ တင်ပေးလာခဲ့ပါတယ်။

Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account

အဆိုပါ အလှူပုံရိပ်တွေအပြင် ခိုင်နှင်းဝေက " ကိုယ့်အတွက် ခြိုးခြံ ချွေတာ ပြီး ကျွန်မ တတ်နိုင်သလောက်လေးတွေ မျှဝေ လှူဒါန်းဖြစ်ပါတယ်ရှင် ခက်ခဲနေတဲ့ မိသားစုလေးတွေ လာလှူတဲ့ အချိန်မှာ ပျော်ပြီး မျက်ရည်ကျတာ မြင်ရတော့ စိတ်မကောင်းလဲ ဖြစ်မိပါတယ် အခက်အခဲတွေကြားက လှူပေးရတဲ့ အတွက် ပိုပြီးလဲ ပီတိဖြစ်မိပါတယ် ခက်ခဲ လိုအပ်နေတဲ့ သူတွေကို ကျွန်မ တတ်နိုင်သလောက် ဆက်လက် လှူဒါန်းသွားပါဦးမယ်ရှင် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားမျှဝေလာတာဖြစ်လို့ ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account

သတင်း အရင်းအမြစ်Source & Photo credit - Khine Hnin Wai's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T