စားဝတ်နေရေး အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတဲ့ တောင်ဒဂုံကပြည်သူတွေအတွက် စားသောက်ကုန်တွေလှူဒါန်းခဲ့တဲ့ ရေဗက္ကာဝင်း

//s9.kh1.co/a7/a7adab873197b2fb84f904eea0d88e2de13393c3.jpg
အနုပညာရှင်များ

 ၀၁-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အဆိုတော်ရေဗက္ကာဝင်းကတော့ ဂီတလောကမှာ သီချင်းကောင်းလေးတွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး လက်ရှိအချိန်တွေမှာလည်း ပရိသတ်တွေတစ်ခဲနက်အားပေးချစ်ခင်နေသူလည်း ဖြစ်ပါတယ်..။

ရေဗက္ကာဝင်းကတော့ လက်ရှိအခြေအနေတွေမှာ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေပြီး လိုအပ်ပြီးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး တတ်နိုင်သလောက်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

ကိုယ်တိုင်အပင်ပန်းခံပြီးလှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ရေဗက္ကာဝင်းကတော့ ဒီကနေ့မှာလည်း တောင်ဒဂုံမြို့နယ်က စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းခဲ့ပါတယ်..။

ပြည်သူတွေအတွက် ဆန်၊ ဆီနဲ့ အခြားစားသောက်ကုန်တွေကို အိမ်ခြေ (၁၀၀)စာအတွက် ပေးဝေလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အလှူရှင်တွေနဲ့ စုပေါင်းလှူဒါန်းခဲ့တဲ့အကြောင်းကိုလည်း သူမက ဝေမျှပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

"ဒီနေ့ တောင်ဒဂုံက လိုအပ်တဲ့ ပြည်သူများအတွက် စေတနာရှင်များဖြစ်ကြတဲ့

Shingni Nbat အနုပညာပိုးသဘက်(မြစ်ကြီးနား)

ပထမမြန်မာနှစ်ခြင်းအသင်းတော် (ဆန်ဖရန်စ္စကို)

တို့နဲ့အတူ အိမ်ထောင်စု တစ်စုအတွက်

ပေါ်ဆန်းမွှေး ၃ပြည်

နေကြာဆီ ၁လီတာ

ခေါက်ဆွဲခြောက် ၁ပုံး

ကြက်သွန်ဖြူ ၁ပိဿ

ကြက်သွန်နီ ၅၀သား

ကုလားပဲ ၅၀သား

ငါးခြောက် ၅၀သား

တို့ကို အိမ်ထောင်စု ၁၀၀စာ ဝေမျှလှူဒါန်းခဲ့ပါတယ်ရှင် ?

မAngeli Nihoitial မှလည်း မီးသတ်ဆေးဗူး ၂၀ ပါဝင်လှူဒါန်းပါတယ် ?

ပေးလှူပါဝင်ကြတဲ့ အယောက်စီတိုင်းအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေရှင် ???.." ဆိုပြီး အလှူအကြောင်းနဲ့အတူ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေကိုလည်း ဖော်ပြထားပြီး ဆုတောင်းစကားလည်း ဆိုထားပါသေးတယ်..။

အမြဲတမ်းလိုလို ပြည်သူတွေအတွက် လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ ရေဗက္ကာဝင်းတို့ရဲ့ အလှူပုံရိပ်တွေကိုတော့ ပရိသတ်တွေကလည်း သာဓုခေါ်ကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

သတင်း အရင်းအမြစ်Rebecca Win's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T