အလေးချိန်စီးရန် ပုဇွန်ထုပ်ထဲ ခဲချောင်းထည့်သော ဝိသမလောဘသားများ

လွန်ခဲ့တဲ့လအနည်းငယ်လောက်တုန်းက တရုတ်နိုင်ငံက ပုဇွန်တွေ ငါးတွေ ထုတ်လုပ်ရောင်းချတဲ့ စက်ရုံတစ်ခုမှာ အလုပ်သမားတွေက ပုဇွန်တွေ ငါးတွေထဲကို ကြာရှည်ခံဓာတုဗေဒ ဆေးရည်တစ်မျိုးနှင့် အသားကြီးဆေးတွေ ထိုးထည့်နေခဲ့တဲ့ Vedio file တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့တွေအတွက် တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ သတင်းတစ်ပုဒ်ပါပဲ။ ကမ႓ာကြီးဟာ ဖွံ့ဖြိုးတိုးတက်လာတာ ကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။ ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ ဆိုးကျိုးတွေက ဒွန်ဒွဲပါလာပြီး လူသားတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာကြပါတယ်။ လူတွေကလည်း တဖြည်းဖြည်း လောဘဇောတွေ တောက်လောင်ပြီး ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုသလို ကိုယ်တစ်ကိုယ်ကောင်းစားဖို့အတွက်ဆိုရင် ဘယ်သူ့ကိုမှ မကြည့်ပဲ လုပ်လာကြပါတယ်။

အခုပြောပြချင်တာက ရန်ကုန်ကြည့်မြင်တိုင်စျေးက ဝိသမလောဘသားတွေရဲ့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်ကို ပြောပြချင်တာပါ။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတစ်ဦးကတော့ " ဝိသမလောဘ သမားတွေကြောက်စရာကောင်းချက်ဗျာ.....

ကြည့်မြင်တိုင်ညစျေးက ဝယ်လာတဲ့ပုဇွန်ထုတ်တစ်ကောင်ထဲမှာ တခုကို၅ကျပ်သားအလေးခန့်ရှိတဲ့ အရှည်လက်တဆစ်စာရှိတဲ့ခဲချောင်း(၂) ချောင်းထိုးသွင်းထားတာကို ကျနော် ဒီနေ့ ဟင်းချက်မယ်လုပ်ရင်း ပုဇွန်အခွံခွာတုန်းတွေ့လိုက်ရတယ်ဗျာ...

ပုဇွန်ထုတ်စျေးက တဆယ်သား ၄၀၀၀ စျေးဆိုတော့ သူတို့လေးထောင်ကျပ်ဖိုးလောက် ခိုးချင်လို့ လုပ်ထားတဲ့သဘောမျိုးဖြစ်မယ်ထင်တယ်ဗျ။ သူတို့လေးထောင်ကျပ်လောက်ခိုးတာ ကျနော်တို့စားသုံးသူတွေအတွက် ဘာမှဒုက္ခရောက်လှတဲ့အထိမဖြစ်သွားဖူးဆိုပေမဲ့ သူတို့ထိုးသွင်းထားတဲ့ ခဲချောင်းကြောင့် ဘယ်လောက်အထိ ဥပရောက်သွားမယ်ဆိုတာကတော့ မပြောတတ်လောက်အောင်ပါဘဲဗျာ...

ဒါတောင်ပုဇွန်ကိုအခွံခွာပြီးချက်ဖို့လုပ်မိလို့ မချက်ခင်တွေ့လိုက်ရတာပါ။ အခွံမခွာဘဲချက်တာတို့၊ ကင်စားတာတို့သာ အမှုမဲ့အမှတ်မဲ့လုပ်ခဲ့မိလို့ ဒီခဲချောင်းတွေသာ စားသုံးသူများဗိုက်ထဲရောက်သွားခဲ့မယ်ဆိုရင်တော့ မတွေးဝ့ံတော့စရာပါဘဲဗျာ။ စျေးဝယ်ချက်ပြုတ်စားသောက်မည့်သူများ အထူးသတိပြုနိုင်ရန် တင်ပြပေးလိုက်ပါတယ်ဗျာ..." ဆိုပြီး သူမရဲ့ ဖေ့စဘုတ်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

ဒါကြောင့် ကျွန်တော်တို့တွေလည်း အစားတစ်လုတ်ကြောင့် အသက်အန္တရာယ်မဖြစ်ရလေအောင် ဆင်ခြင်သတိထားရကြအောင်လားဗျာ……………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။