ပြန်မလာနိုင်တော့တဲ့ သူရဲကောင်းများအတွက် ပြုလုပ်ပေးတဲ့ Flower Strike မှာ ပြည်သူနဲ့အတူ ပါဝင်ခဲ့တဲ့ ယွန်းမီမီကျော်

//s9.kh1.co/36/36bf8acc99c18390d25ac0167d1eb9f8dd33e761.jpeg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးဟာဆိုရင် ခုချိန်ထိ လှုပ်ရှားမှုမျိုးစုံနဲ့ အရှိန်အဟုန်ကောင်းနေဆဲပါ။ပြည်သူအားလုံးက ရဲရင့်ကြသလို မျိုးဆက်သစ်လူငယ်လေးတွေရဲ့ တီထွင်နိုင်မှုတွေ ပေါင်းစပ်နိုင်ခဲ့တာကြောင့် နိုင်ငံအသီးသီးကလည်း လေးစားချီးကျူးနေကြတာပါ။လူငယ်တွေကလည်း ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေ့ဆိုရင် ဒီလူထုလှုပ်ရှားမှုကြီးဟာ နှစ်လပြည့်ခဲ့ပါပြီ။

Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Photo Credit : Yoon Mhi Mhi Kyaw Facebook Account

ပြည်သူတွေကလည်း တစ်ရက်မှစိတ်ဓာတ်မကျသွားဘဲ နည်းမျိုးစုံသုံးကာ နွေဦးတော်လှန်ရေးကြီး အောင်မြင်ရန် ယုံကြည်ချက်တွေအပြည့်နဲ့ စည်းလုံးညီညွတ်စွာ ရရာနေရာကနေ လူကြီး လူငယ်မရွေးပါဝင်လှုပ်ရှားနေကြတာပါ။ ဒီနေ့ဧပြီ (2) ရက်နေ့မှာဆိုရင်လည်း အသက်ပေးကာတိုက်ပွဲဝင်သွားကြတဲ့ သူရဲကောင်းတွေအတွက်  Flower Strike ဆိုတဲ့ လှုပ်ရှားမှုကြီးကို ပြုလုပ်လျက်ရှိတာတွေ့ရပါတယ်။

Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Photo Credit : Yoon Mhi Mhi Kyaw Facebook Account

လူတိုင်းမှာ အိမ်အပြန်လမ်းရှိပေမယ့် တိုက်ပွဲဝင်ရင်း အသက်ပေးကာ ပြန်မလာနိုင်တော့တဲ့ သူရဲကောင်းလေးတွေအတွက်ပန်းစည်းလေးတွေချကာ ဆုတောင်းဂုဏ်ပြုပေးခဲ့ကြတာကိုနေရာအနှံအပြားမှာတွေ့ မြင်ရပါတယ်။ဒီလိုဆုတောင်းပေးကြသူတွေထဲမှာ ပြည်သူနဲ့အတူ ယွန်းမီမီကျော်ကလည်းပါဝင်ခဲ့ကြောင်းသူရဲ့အကောင့်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် ယွန်းမီမီရဲ့ပုံလေးတွေကိုဝေမျှပေးရင်း ကျဆုံးသွားတဲ့ သူရဲကောင်းအားလုံး ကောင်းရာသုဂတိလားပါစေဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Source & Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Source & Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T