နေရပ်စွန့်ခွာခဲ့ရသော စစ်ဘေးရှောင် ကရင်တိုင်းရင်းသားတွေအတွက် ဒုတိယအကြိမ်မြောက်လှူဒါန်းရန် ပြင်ဆင်နေတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/3a/3afc1837fafee97d398590f02ea1ad43488a44ed.jpeg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဆောင်းယွန်းစံကတော့  လက်ရှိမှာ အလှူအတန်းတွေ  ပြုလုပ်နေရင်းနဲ့  ပြည်သူတွေရဲ့ အခက်အခဲတွေကို  ကူညီဖြေရှင်းပေးနေတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေ၊ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းများရဲ့  အလှူငွေထည့်ဝင် လှူဒါန်းမှုတွေစုပေါင်းကာ  စားဝတ်နေရေးခက်ခဲနေသူများ နဲ့ကျဆုံးသွားတဲ့ သူရဲကောင်းတို့ရဲ့ မိသားစုများထံသို့ သွားရောက်ကာ လိုအပ်တာတွေကို  ကူညီဆောင်ရွက်ပေးနေတာကိုလည်း  ကြည်နူးဖွယ်  မြင်တွေ့ကြရမှာပါ။

Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 

သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကိုလည်း  ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ရန်  ဆောင်းယွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ဝေမျှပေးနေတာပါ။  မကြာသေးခင် ရက်ပိုင်းလောက်ကလည်း  ဆောင်းယွန်းစံရဲ့ Facebook အကောင့်တွင်  နေရပ်စွန့်ခွာခဲ့ရသော စစ်ဘေးရှောင်ကရင်တိုင်းရင်းသားတွေအတွက် ဒုတိယအကြိမ်မြောက်လှူဒါန်းရန် ပြင်ဆင်နေကြောင်းကို ရေးသားထားတာပါ။  ပထမအကြိမ်တုန်းကလည်း  ကချင်ပြည်နယ်က  စစ်ဘေးရှောင်တိုင်းရင်းသားတွေအတွက်  အလှူငွေလှူဒါန်းပြီးပြီဖြစ်ကြောင်းကိုလည်း  ပြောပြထားပါသေးတယ်။

Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 

" တစ်ဖက်က ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဆောင်းယွန်းတို့ရဲ့ ကချင်၊ ကရင် တိုင်းရင်းသား မိဘပြည်သူ​တွေဟာ ​နေရပ်ကို စွန့်ခွာပီး စစ်​ဘေးကို​ရှောင်တိမ်း​နေကြရပြန်ပါပြီ ?

အသက်​ဘေးကို​ရှောင်တိမ်းဖို့အတွက်အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ​​အိုးအိမ်စွန့်ခွာခဲ့ရတဲ့မိသားစု​တွေ၊ က​လေးငယ်​လေး​တွေ၊ သက်ကြီးရွယ်အို​​တွေကို​တွေ့တိုင်း ရင်ထဲကြေကွဲရပါတယ်..

ဆောင်းယွန်းတို့ရဲ့ သွေးချင်း​တွေ စစ်ရဲ့ခါးသီးမှု​တွေကို ခံစားရတာ ဒီတစ်ကြိမ်​နောက်ဆုံးဖြစ်ပါ​စေ ဆု​တောင်းပါတယ် ??

ဒီချိန်မှာ ဆောင်းယွန်းတို့​တွေ ဒုတိယအကြိမ် စု​ပေါင်းလှူဒါန်းမှု​လေးအ​နေနဲ့ နေရပ်စွန့်ခွာ​ရှောင်တိမ်း​နေကြရတဲ့ကရင်တိုင်းရင်းသား စစ်​ဘေး​ရှောင်မိသားစု​တွေအတွက် အလှူ​ငွေ​လေး​ကောက်ခံချင်ပါတယ်ရှင်။

ကရင် စစ်​ဘေး​ရှောင်မိသားစုများထံကို သွား​ရောက်ကူညီလှူဒါန်းပေးမယ့် သူ​တွေရဲ့ post ​လေး​တွေ​တွေ့ရင်လည်းcomment မှာ ​ပြခဲ့​ပေးပါ​ဦးနော်...

ဆောင်းယွန်းလည်း အတတ်နိုင်ဆုံး ကိုယ်တိုင်သွား​လှူနိုင်ဖို့အတွက်ကြိုးစားပါမယ်ရှင်... 

(ဆောင်းယွန်းတို့လက်ရှိ အဆက်သွယ်ရထားသ​လောက်က စစ်​ဘေး​ရှောင်စခန်းရယ်လို့ သီးသီးသန့်သန့်မရှိ​သေးဘဲ​​မြေ​ကျင်း​တွေတူးပြီး​နေကြရတဲ့အတွက် သွား​​ရောက်ဖို့ အန္တရာယ်များတာမို့လို့ အ​ခြေ​နေအနည်းငယ်တည်ငြိမ်မှကိုယ်တိုင်သွားရောက်လှူဒါန်းခွင့်ပြုမယ်လို့သိရပါတယ်)

ဆောင်းယွန်းတို့ရဲ့ ပထမအကြိမ်စု​ပေါင်းလှူဒါန်းမှု​လေးမှာ​တော့ ကချင်စစ်​ဘေး​ရှောင်မိဘပြည်သူ​​တွေအတွက်လည်း လှူဒါန်း​ပေးနိုင်ခဲ့တာမို့ ပါဝင်လှူဒါန်း​ပေးကြတဲ့ ​ပရိတ်သတ်​မောင်နှမ​တွေကို​ကျေးဇူးတင်ပါရ​စေရှင် ? 

ဆောင်းယွန်းတို့ ပြည်သူ​တွေမှာ ပြည်သူပဲရှိတာမို့ တစ်ဦးကိုတစ်ဦး​ဖေးမရင်း ​စည်းစည်းလုံးလုံးနဲ့ အနိုင်ယူကြမယ်​နော်

ဆောင်းယွန်းတို့ရဲ့ တစ်နိုင်ငံလုံးက ​သွေးချင်း​တွေအားလုံးပဲ အားတင်းထားကြပါ...

ဆောင်းယွန်းတို့ပြည်သူ​တွေနိုင်​​တော့မှာပါ ?❤" ဆိုပြီးရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေလည်းသိရှိစေရန်ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Saung Yoon San’s Facebook Account 

Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T