အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အဆိုတော်မိစန္ဒီကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လှုပ်ရှားမှုတွေမှာပါဝင်ပြီး ပြည်သူတွေနဲ့ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
မိစန္ဒကတော့ ကိုယ်တိုင်ကိုယ်ကျလမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေတဲ့အပြင် လှူဒါန်းမှုတွေလည်းပြုလုပ်နေပြီး တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေနဲ့အတူ အားဖြည့်ပါဝင်နေသူလည်း ဖြစ်ပါတယ်..။



မိစန္ဒီကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ဖြိုခွင်းမှုတွေကြောင့် အသက်ပေးကျဆုံးသွားကြတဲ့ ပြည်သူ့သူရဲကောင်းတွေအတွက် ကိုယ်တိုင်ခူးထားတဲ့ပန်းတွေနဲ့အတူ ဝမ်းစွာဂုဏ်ပြုဆုတောင်းပေးခဲ့တဲ့အကြောင်းလေးကို ပြောပြလာပါတယ်..။
သွေးမြေကျပြီး နှုတ်ဆက်သွားတဲ့ သူရဲကောင်းတွေအတွက် နာကျင်မှုတွေနဲ့ ကျန်ရစ်ခဲ့တဲ့သူတွေကလည်း စိတ်ရောလူပါ ယူကြုံးမရဝမ်းနည်းကြေကွဲစံာ ခံစားနေရတဲ့အကြောင်းလေးတွေကိုလည်း သူမကပြောပြထားပါသေးတယ်..။



"တချိန်မှာ ပန်းခင်းကြီး ဝေဖို့ အတွက် တချို့ပန်းတွေ ပေးဆပ်လို့ ကြွေ ပေးရတယ် 😞💔
ပြန်မလာနိုင်တော့တဲ့ သူရဲကောင်းများစွာအတွက်
ကိုယ်တိုင်ခူးထားတဲ့ ပန်းလေးတွေနဲ့ ဝမ်းနည်းစွာ ဂုဏ်ပြုဆုတောင်း 😔
ပန်းလက်ခံရသူတွေ သွေးမြေကျ နှုတ်ဆက်သွားတော့..
ကျန်ရစ်တဲ့သူတွေလည်း .. အသက်ရှင်လျက်နဲ့ စိတ်တွေ ဘဝတွေ သေမလိုပါပဲ..
ပန်းလက်ဆောင် ပေး ဆက်သရသူတွေ မပြုံးနိုင်ပါ..
ဒါပေမယ့် ကျွန်မတို့တွေ အပြန်အလှန် အားပေးကြရင်း ပိုပြီးအားတင်းထားကြမယ်.. ပေးဆပ်ခဲ့သူတွေအတွက် ပိုကြိုးစားကြမယ်.. ပိုစည်းလုံးကြမယ်နော်..
💪💪💪💪
အနာဂတ် ကျွန်မတို့ နိုင်ငံကြီး မှာ သွေးချင်းညီအကို တိုင်းရင်းသားများ ပိုမို ချစ်ခင်ရင်းနှီးစွာဖြင့် ဖြင့် ပိုမိုအရောင်အသွေးစုံ သော ပန်းများ ပန်းခင်းကြီးများ ပွင့်လန်းဝေဆာစေကြောင်း ဆုတောင်းလျက် 🙏🙏🙏
💪🇲🇲💪
People in all over the townships staging FlowerStrikeMyanmar in remembrance of fallen heroes who can never come back 🌸.." ဆိုပြီး ရေးသားပြောပြထားတာပါ..။


သတင်းအရင်းမြစ်: Mi Sandi's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။