ကျဆုံးသွားတဲ့ သားဆရာဝန်လေးအတွက် ဝမ်းနည်းရပေမယ့်လည်း မျက်ရည်တစ်စက်မှမကျဘဲ စိတ်ဓာတ်ခိုင်မာမှုကိုပြသခဲ့တဲ့ မိခင်တစ်ဦး

//s9.kh1.co/d0/d039a2b6b024be03aeceda3593d78feb674af63b.jpg
နေ့စဉ်သတင်းများ

 ၀၂-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတဲ့ သားဆရာဝန်လေးအတွက် ဝမ်းနည်းရပေမယ့်လည်း မျက်ရည်တစ်စက်မှမကျဘဲ စိတ်ဓာတ်ခိုင်မာမှုကိုပြသခဲ့တဲ့ မိခင်တစ်ဦး

ဒီကာလအတွင်းမှာ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေကို ပြည်သူတွေက အမြဲတမ်းအမှတ်ရနေကြပြီး သူတို့အတွက် ဆုတောင်းပွဲတွေကိုပါ သတိတရ ပြုလုပ်ပေးနေကြတာပဲ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ ပြည်သူတွေထဲမှာ အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေဖြစ်ကြတဲ့  ဆရာဝန်တွေ၊ ရှေ့နေတွေလည်း ပါရှိခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ ဆရာဝန်တစ်ယောက် ကျဆုံးခဲ့တာ ဖြစ်ပါတယ် ။ သူ့နာမည်ကတော့ ဒေါက်တာသီဟတင်ထွန်းဖြစ်ပြီး လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက် ပါဝင်ခဲ့သူ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ဒေါက်တာသီဟတင်ထွန်းကျဆုံးခဲ့တဲ့နေရာကို သွားရောက်ခဲ့တဲ့ ဆရာဝန်အမျိုးသမီးတစ်ဦးက သူမမြင်တွေ့ခဲ့ရတာတွေကို ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ် ။ သူမက ဒေါက်တာသီဟတင်ထွန်းရဲ့မိခင်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ပုံကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ် ။ စာထဲမှာတော့ ဒေါက်တာသီဟတင်ထွန်းရဲ့မိခင်က သားဖြစ်သူရဲ့ရက်လည်နေ့မှာ မျက်ရည်တစ်စက်မှမကျဘဲ စိတ်ဓာတ်ခိုင်မာစွာနဲ့ အားတင်းခဲ့တဲ့အပြင် တစ်ခြားသူတွေကိုပါ အားပေးနှစ်သိမ့်ခဲ့ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ် ။

Photo Credit-A Nyein's FB Acc
Photo Credit-A Nyein's FB Acc
Photo Credit-A Nyein's FB Acc
Photo Credit-A Nyein's FB Acc
Photo Credit-A Nyein's FB Acc
Photo Credit-A Nyein's FB Acc

ဒါ့အပြင် ကိုသီဟတင်ထွန်းရဲ့မိခင်က တစ်ခြားသူတွေကိုထပ်ပြီး ထိခိုက်သွားမှာ စိုးရိမ်တာကြောင့် သားဖြစ်သူရဲ့စျာပနာအခမ်းအနားကိုပါ မလုပ်တော့ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ် ။ "အခုလူတိုင်းက ကိုယ့်အပူနဲ့ ကိုယ်ဖြစ်နေတဲ့အချိန်မှာ အမေသားကြောင့် တစ်ခြားသူတွေ ထပ်ပူလောင်တာကို အမေမမြင်ချင်ဘူး" ဆိုတဲ့ မိခင်တစ်ယောက်ရဲ့စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားချင်စရာကောင်းလှပါတယ်။ ကိုသီဟတင်ထွန်းရဲ့မိခင်ကတော့ သားကို ဆုံးရှုံးလိုက်ရလို့ ရင်ထဲမှာ ဝမ်းနည်းကြေကွဲနေပေမယ့်လည်း ခံစားချက်တွေကိုထုတ်မပြဘဲ စိတ်ဓာတ်ကြံ့ခိုင်မှုကိုသာ ပြသခဲ့တာ ဖြစ်ပါတယ် ။

Source & Photo Credit-A Nyein's FB Acc

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-A Nyein's FB Acc
Photo Credit-A Nyein's FB Acc
Photo Credit-A Nyein's FB Acc
Photo Credit-A Nyein's FB Acc
Photo Credit-A Nyein's FB Acc
Photo Credit-A Nyein's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T