မြန်မာသံသီချင်းအေးအေးလေးတွေနဲ့ ပ ရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော် စိုးစန္ဒာထွန်း ဟာ အလှုရေစက်လက်နဲ့မကွာသူအဖြစ်လည်း နာမည်ကြီးပါတယ်။

ဓမ္မသီချင်းတွေလည်း ဆိုရင်း သီချင်းကောင်းလေးတွေ သီဆိုခဲ့တဲ့ စိုးစန္ဒာထွန်းတစ်ယောက် ကိုယ်ပိုင်တေးစီးရီးထွက်ပြီးနောက် အသံတိတ်နေပေမယ့် သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကတော့ အနယ်နယ်ရပ်ရပ်မှာ စုံလှပါတယ်။

ချမ်းမြေ့ပါစေ သီချင်းပိုင်ရှင် စိုးစန္ဒာထွန်း ဟာ ပုပ္ပါးစုံသာမြိုင်ဝယ် သာသနာ စခန်းနားက ကျွန်းတော အတက်လမ်း(၃)ထပ်ကွေ့စုံသာမြိုင်ဝယ်ခြံ ဖြစ်တဲ့ သူမရဲ့ ကိုယ်ပိုင်ခြံမှာ နဂါးရုံဘုရားရင်ပြင်တည်ဆောက်လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ မွန်မြတ်တဲ့ ပန္တက်တင်အခမ်းအနားကို လာရောက်ကြတဲ့ အနယ်နယ်ရပ်က လှုဒါန်းကြတဲ့ဘုရားပဌာန်းဆက်များ ၊ ချစ်ရခင်ရသူများ ကိုလည်း ကုသိုလ်ဒါနပြုတဲ့အတွက် စိုးစန္ဒာထွန်းက ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

သူမရဲ့ အလှုတော်အခမ်းအနားမှာ အနုပညာရှင်တွေဖြစ်တဲ့ ထက်ထက်မိုးဦး ၊ပွင့် မိုးပြည့်ပြည့်မောင် ၊ အဆိုတော်နီနီခင်ဇော်နဲ့ အိအိချွန်တို့ပါ ပါဝင်ခဲ့ကြတာပါ။

စိုးစန္ဒာထွန်းနဲ့ အလှုရှင်တွေရဲ့ ကုသိုလ်အတွက် ဆုတောင်းပေးလိုက်ပါဦးနော်။  

သတင်းအရင်းမြစ် Soesandar htun fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။