သရုပ်ဆောင် နေဒွေးကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကိုသိမ်းပိုက်ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေပြီး ရရှိတဲ့ငွေကြေးများနဲ့ အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာလည်း အနုပညာရှင်တစ်ဦးအနေဖြင့် ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ပေးနေတာပါ။
လက်ရှိမှာလည်း အခြေခံလူတန်းစား ပြည်သူများဟာ စားဝတ်နေရေးအခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။ ဒီအခက်အခဲတွေကို ပြည်သူတွေအချင်းချင်းက တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးနေကြတာလည်း ဖြစ်ပါတယ်။ အနုပညာရှင်များကလည်း အခုချိန်မှာ ရိုက်ကူးရေးတွေ မရှိပေမယ့်လည်း စုဆောင်းထားတာလေးတွေနဲ့ ပြည်သူများအား ထောက်ပံ့ပေးနေကြတာပါ။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း နေဒွေးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံတစ်ချို့ တင်ထားတာပါ။ ဒါကတော့ စားဝတ်နေရေး ခက်ခဲနေသော သက်ကြီးရွယ်အိုဘိုးဘွားများအတွက် စားသောက်ကုန်နဲ့ အလှူငွေများ လှူဒါန်းခဲ့တဲ့ နေဒွေးရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ သူကလည်း " ဒီနေ့အလှူ??????
တောင်ဒဂုံ မြို့နယ် မှစားဝတ်နေရေးခက်ခဲနေသောသက်ကြီးရွယ်အိုဘိုးဘွားများအတွက် ဆန် ဆီ ငါးသေတ္တာခေါက်ဆွဲခြောက် နှင့် အလှူငွေများလှုဒါန်းခဲ့ပါသည်?" ဆိုပြီး ရေးသားထားတာဖြစ်တာကြောင့် ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Nay Dway’s Facebook Account