အမြဲပျော်ပျော်နေတတ်တဲ့ အဆိုတော်မလေး ပိုပိုတစ်ယောက်တော့ စိတ်ခံစားချက်တွေကို လူမှုကွန်ယက်ကို ဖွင့်ဟထုတ်ချလိုက်ပါတယ် ။

'' အသက်ရှင်ရတာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး Suicide လုပ်ချင်မိတယ် or H1N1 ငါ့လာဖြစ်ပါလား'' ဟု ရေးသားလိုက်ပြီးနောက်မှာ

သူမရဲ့ ပရိတ်သတ်တွေက စိုးရိမ်တစ်ကြီး ဝင်ရောက်မေးမြန်းကြကာ စိတ်ပူသွားကြတာမို့ နောက်မကြာခင်မှာပဲ ထိုစာတွေကို ပြန်လည်ဖျက်လိုက်တာကို

တွေ့ရပါတယ် ။ 

အဘွားဖြစ်သူဆုံးပါးသွားပြီးနောက် တစ်ယောက်ထဲ ကိုယ့်အားကိုယ်ကိုးပြီး ဒီလို အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာတဲ့ထိ ရုန်းကန်ကြိုးစားခဲ့တဲ့

သူမလေးဟာ အောက်သက်ကြေပြီး မာနမကြီးသူလို့ လဲ ပရိတ်သတ်တွေကြားထဲနာမည်ကြီးပါတယ် ။ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး သူငယ်ချင်းတွေနဲ့

ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အဆိုတော်မလေးက ဒီလိုစာတွေ ရေးတင်ရလောက်တဲ့့ထိအောင် ဘယ်လိုအခက်အခဲတွေများဖြစ်နေလို့လဲလို့ ပရိတ်သတ်တွေကတော့ စိတ်ပူနေကြပါတယ် ။ မကြာသေးခင်ကမှ ကဗျာစာအုပ်တစ်အုပ်ထုတ်ဝေထားတဲ့သူမဟာ အဆိုုပိုင်းတင်မကဘဲ သရုပ်ဆောင်ပိုင်းကိုပါလုပ်ဆောင်ဖို့

ဇာတ်ကားနှစ်ကား စာချုပ်ချုပ်ပြီးသူလဲဖြစ်ပါတယ် ။ ပိုပိုက ခုလောလောဆယ်မှာတော့ ဘန်ကောက်ကိုရောက်ရှိနေတာဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် : po po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။