ခေတ္တတိမ်းရှောင်နေရပေမယ့်လည်း အရေးတော်ပုံအောင်ဖို့ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ့် သန္တာလှိုင်

//s9.kh1.co/23/23ca5273dbb76e4c7de94dfb60a26ca21a9200c3.jpeg
အနုပညာရှင်များ

 ၀၃-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်  သန္တာလှိုင်ကတော့  လမ်းပေါ်ထွက်ကာ  ပြည်သူတွေနဲ့အတူ  အမှန်တရားဘက်က ရပ်တည်နေတဲ့  အနုပညာရှင်တစ်ဦးပဲ  ဖြစ်ပါတယ်။ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးနေတာကြောင့်လည်း  အားလုံးရဲ့ ချီးကျူးခြင်းတွေကို  ရရှိထားတာပါ။  လက်ရှိအခြေအနေမှာ တိမ်းရှောင်နေရပေမယ့်လည်း  လူမှုကွန်ယက်ကနေတစ်ဆင့် speak out လုပ်ပေးနေသူ တစ်ယောက်ပါ။

Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 

မနေ့ညက ထွက်ပေါ်လာတဲ့ သတင်းကြောင့်  ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေများက သန္တာလှိုင်ရဲ့ လုံခြုံရေးအတွက်  စိတ်ပူနေကြတာပါ။  မကြာသေးခင်  နာရီပိုင်းလောက်က  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ခေတ္တတိမ်းရှောင်နေရပေမယ့်လည်း အရေးတော်ပုံအောင်ဖို့ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ့် အကြောင်းနဲ့စိတ်ပူပေးကြတဲ့အတွက်  ကျေးဇူးတင်ကြောင်း ရေးသားထားတာပဲ  ဖြစ်ပါတယ်။ 

Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 

" မနေ့ညက စိုးရိမ်ပြီး လာပြောကြတဲ့သူတွေ၊ ဆုတောင်းစကား လာပြောပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအချိန်ကာလမှာ အာဏာရှင်တွေနဲ့ ဘယ်နေရာမှ၊ ဘယ်သူမှ အသက်အိုးအိမ် လုံခြုံမှုမရှိလို့ ဝရမ်းထုတ်ခံရတဲ့ သူတွေရယ်လို့ထူးပြီး အန္တရာယ်ရှိတာ မဟုတ်ပါဘူး... ဒီလို လုံခြုံမှုမရှိလို့ ရပ်လိုက်ကြမယ်ဆိုရင် လွန်ခဲ့သောအနှစ်ခြောက်ဆယ်ကထက် ဆိုးဝါးတဲ့ ဘဝတွေနဲ့ ခေတ်ဆိုးအမွေဆိုးတွေ ကိုယ့်သားသမီးကို လက်ဆင့်ကမ်းလိုက်ရပါလိမ့်မယ်။ 

ကျွန်မကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၃ ပတ်လောက်ထဲက ရှောင်ရင်းတိမ်းရင်း  လမ်းမပေါ်မှာပဲ အားလုံးနဲ့အတူ ရှိနေပါတယ်။ တိုက်ပွဲရှိရင် အောင်ပွဲရှိတာမို့ ပျော်ရာမှာမနေ တော်ရာကနေပဲ အရေးတော်ပုံအောင်တဲ့အထိ လုပ်စရာရှိတာတွေကို ဆက်လက်လုပ်နေမှာပါ။ 

မောင်မိုးမြင့်ရဲ့ ကို အနတ္တ အနော်မာရဲ့ ကဗျာထဲကလို

“ Keep  yourself  to  yourself

ပုံမပျက် ဆက်ဆံရေးနဲ့ တော်လှန်ရေးကို သွေးမြေမကျစေနဲ့

ဆင်ခြင်တုံတရား  ၊ ဥာဏ်ပညာ ၊ လက်ဖျံရိုးတွေကို ပူးကပ်ချည်နှောင်ထား

အဆင်သင့်သုံးလို့ရအောင် မြနေအောင်လည်း သွေးထား

အလိုက်သင့် စီးဆင်းရအောင် ငါတို့ဟာ အပျော်စီးလှေတွေ မဟုတ်ဘူး

ဆန်သင့်ရင် ဆန်တက်ရမယ် မြဲမြဲ ကိုင်ထား”

အရေးတော်ပုံ အောင်ရမည်!" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thandar Hlaing’s Facebook Page 

Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Photo Crd-Thandar Hlaing’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T