ကျည်ထိသူတွေကိုကယ်ဖို့အတွက် ကိုယ့်ရဲ့အသက်တောင်ပေးဆပ်သွားတဲ့ယောက်ျားကို ဆုံးရှုံးလိုက်ရလို့ အားကိုးမဲ့သွားရှာပြီဖြစ်တဲ့ ကျန်ရစ်သူဇနီးနဲ့သား

//s9.kh1.co/80/808f2fe1deec5e83f8f34b9109a0d0a96bf1f458.jpeg
နေ့စဉ်သတင်းများ

 ၀၃-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကျည်ထိသူတွေကိုကယ်ဖို့အတွက် ကိုယ့်ရဲ့အသက်တောင်ပေးဆပ်သွားတဲ့ယောက်ျားကို ဆုံးရှုံးလိုက်ရလို့ အားကိုးမဲ့သွားရှာပြီဖြစ်တဲ့ ကျန်ရစ်သူဇနီးနဲ့သား

လက်ရှိမှာဆိုရင်တော့ အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်း အယောက်(၃၀၀)ကျော်နေပေမယ့် တချို့ကျဆုံးသွားတဲ့သူတွေကို ပြည်သူတွေမသိလိုက်တာဖြစ်ပါတယ်။မတ်လ(၁၄)ရက်နေ့က ကျဆုံးသွားတဲ့ ကိုကျော်သက်(ခ)သက်ဝေကလည်း လှိုင်သာယာ(၃)ထိပ်မှာ ကျည်ထိသွားတဲ့လူနာတွေကို လိုက်ကယ်ရင်း သူ့ကိုပါကျည်ထိမှန်သွားခဲ့တာဖြစ်ပါတယ်။ကိုကျော်သက်က သူရဲကောင်းစိတ်ဓာတ်နဲ့ အသက်ကိုစွန့်လွှတ်ပြီး အန္တရာယ်နဲ့ကြုံတွေ့နေရတဲ့သူတွေကို ဒီအတိုင်းမထားခဲ့နိုင်တာကြောင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ကိုကျော်သက်က ကျည်ထိလူနာလေးယောက်ကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ပေမယ့် ငါးယောက်မြောက်လူနာကိုတက်ကယ်တဲ့အချိန်မှာ သူ့ရဲ့နားထင်ကို ကျည်ထိသွားခဲ့တာဖြစ်ပါတယ်။သူရဲကောင်းကိုကျော်သက်မှာ ဇနီးသည်နဲ့(၆)နှစ်အရွယ်ကလေးငယ်လည်းရှိတာကြောင့် အခုဆိုရင်တော့ ကျန်ရစ်သူသားအမိနှစ်ယောက်က အားကိုးရာမဲ့သွားခဲ့ပြီဖြစ်ပါတယ်။ကိုကျော်သက်တို့မိသားစုရဲ့နေအိမ်လေးက သွပ်မိုး၊ဓနိကာလေးဖြစ်ပြီး ပြည့်စုံတဲ့အခြေအနေမရှိတာကို သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုကျော်သက်ရဲ့ဇနီးသည်ကလည်း ခင်ပွန်းကျဆုံးသွားပြီးနောက်မှာ စားဝတ်နေရေးခက်ခဲနေလို့ ရသမျှအလုပ်တွေကို လိုက်လုပ်နေရတာဖြစ်ပါတယ်။တခြားသူတွေကိုကယ်တင်ဖို့အတွက် မိမိအသက်ကိုတောင်ပေးဆပ်ခဲ့တဲ့ကိုကျော်သက်ရဲ့ ကျန်ရစ်သူမိသားစုလေးကို တချို့ပြည်သူတွေကလည်း တတ်နိုင်သလောက်လှူဒါန်းပြီး ကူညီဖေးမပေးကြတာဖြစ်ပါတယ်။ကိုကျော်သက်ရဲ့ဇနီး မဇင်မာဆိီကို တိုက်ရိုက်လှူဒါန်းချင်တဲ့သူတွေအတွက်လည်း(09796329056)ကို ဆယ်သွယ်လို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T