ပရိသတ်ကြီးရေ.. မအေးသောင်းလို့အများကချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးအေးဝတ်ရည်သောင်းကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ပြည်သူတွေအားလုံးနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပြုလုပ်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။
မအေးသောင်းကတော့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ မီးဘေးသင့်ပြည်သူတွေအပြင် လက်ရှိအခြေအနေတွေကြောင့် အခက်အခဲတွေအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေကြရသူတွေကိုလည်း ဖေးမကူညီပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။


ပြည်သူတွေအတွက် အဖက်ဖက်ကနေ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတဲ့ မအေးသောင်းကတော့ အခုတစ်ခါမှာလည်း လိုအပ်နေတဲ့ပြည်သူတွေကိုကူညီနိုင်ဖို့အတွက် လူမှုကယ်ဆယ်ရေးအသင်းကို ဆေးဝါးနဲ့အခြားပစ္စည်းတွေ လှူဒါန်းခဲ့ပြန်ပါတယ်..။
၇ရက်သားသမီးပြည်သူတွေလှူဒါန်းထားတာတွေနဲ့ မန္တလေးမြို့က ချမ်းအေးသာစံလူမှုကယ်ဆယ်ရေးအသင်းမှာ လိုအပ်တာတွေကို ပြည်သူတွေကိုယ်စားလှူဒါန်းပြီး ကာယဒါနပြုခဲ့တဲ့ပုံရိပ်တွေကိုလည်း မအေးသောင်းက ဝေမျှထားတာ ဖြစ်ပါတယ်..။


"Sterile Gauze
Cotton ball
Bandage (4”-6”)
20CC syringe
5cc syringe
Betadine စသည့်ဆေးပစ္စည်းများ နှင့် အခြားလိုအပ်သည်များစုစုပေါင်း ၈ သိန်းဖိုးအား ချမ်းအေးသာစံလူမှုကယ်ဆယ်ရေးအသင်းအား
ပြည်သူများကိုယ်စား ကာလဒါနလှူဒါန်းခဲ့ပါသည်။ 🙏🙏🙏.." ဆိုပြီး အလှူအကြောင်းကို ပြောပြထားပါ..။
လိုအပ်နေတဲ့နေရာတွေကို လိုအပ်သလိုကူညီလှူဒါန်းနေတဲ့ အေးဝတ်ရည်သောင်းရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေကသာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။


သတင်းအရင်းမြစ်: Aye Thaung's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။