သရုပ်ဆောင်  မင်းမော်ကွန်းကတော့  လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း  ပါဝင်လှုပ်ရှားနေတဲ့  အနုပညာရှင်တစ်ဦးပဲ  ဖြစ်ပါတယ်။  ဒီလှုပ်ရှားမှုမှာ ပါဝင်နေသူတိုင်းကိုလည်း  ဂရုတစိုက်နဲ့ နေထိုင်ကြဖို့ကိုလည်း အမြဲမှာကြားနေသူပါ။  အခြေအနေအရပ်ရပ်ကြောင့်  မိသားစုနဲ့ ခွဲခွာနေရပေမယ့်လည်း  အရေးတော်ပုံကြီး အောင်မြင်ဖို့ စိတ်အားထက်သန်နေသူဖြစ်တာကြောင့်  ပရိသတ်တွေက  လေးစားနေကြတာပါ။

Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account 

မနေ့ညက မင်းမော်ကွန်းအား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားကြောင်း  ကြေငြာခဲ့တာပဲ  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  မင်းမော်ကွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ကိုယ်တိုင်ကဝရမ်းထုတ်ခံထားရ ပေမယ့်လည်း ပြည်သူ့ဝန်ထမ်းတွေအတွက် ပိုစိတ်ပူနေပြီး သတိနဲ့နေဖို့ ပြောကြားလိုက်တာပဲ  ဖြစ်ပါတယ်။ သူကလည်း "  ပြည်သူ့ဝန်ထမ်းတွေ Supporter တွေ

Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account 

ပိုသတိထားကြပါခင်မျာ

၃၁ ရက်နေ့ကတည်းက

ပြည်သူ့ဝန်ထမ်းတွေကိုပို ငြိုးမယ်လို့

တွေးမိစိတ်ပူမိပါတယ်

ခုကျွန်တော်တို့သတင်းတွေက

သူတို့လက်ရှိလုပ်နေတဲ့ ပုံစံနဲ့

တော်တော်ကွဲလွဲနေတာတွေရှိပါတယ်

တကယ်ဆို ဖမ်းဝရမ်းထုတ်စရာမလိုဘဲ

ကျွန်တော်တို့ အနုပညာရှင်တွေ

Cele တွေကို အချိန်မရွေး

ဖမ်းလို့ရပါတယ် 

အာရုံလွှဲသလို ခံစားရလို့ပါ 

သတိထားကြပါခင်ဗျာ " ဆိုပြီး သတိပေးစကားတွေ ရေးသားထားတာပဲ  ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account 

Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။