ဒီလိုကာလမှာ အလုပ်လည်းမရှိကြလို့ အရမ်းချို့တဲ့နေကြတဲ့ ကျူးကျော်နေထိုင်သူတွေအတွက် ကူညီပြီးအလှူခံပေးနေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/66/664b06756ad4468cf949a6092ddfadf84f05ecda.jpeg
နေ့စဉ်သတင်းများ

 ၀၄-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဒီလိုကာလမှာ အလုပ်လည်းမရှိကြလို့ အရမ်းချို့တဲ့နေကြတဲ့ ကျူးကျော်နေထိုင်သူတွေအတွက် ကူညီပြီးအလှူခံပေးနေတဲ့ ပြည်သူတစ်ဦး

ပြည်သူတိုင်းနီးပါးကတော့ ကိုယ်တိုင်အခက်အခဲတွေနဲ့ကြုံတွေ့နေရပေမယ့် မိမိထက်ပိုခက်ခဲကြတဲ့သူတွေကိုလည်း တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။(၂၀၂၀)နှစ်ကတည်းက ကိုဗစ်ရောဂါကပ်ဆိုးကြီးကြောင့် သေဆုံးသွားတဲ့သူတွေအများအပြားရှိခဲ့တဲ့အပြင် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ဖြစ်ပေါ်လာတဲ့အခြေအနေကိုလည်း ပြည်သူတွေကဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော့ ပြည်သူတိုင်းနီးပါး စီးပွါးရေးတွေကြပ်တည်းနေကြပြီး စုဆောင်းထားတာတွေနဲ့သာ နေထိုင်စားသောက်နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်လုပ်လက်စားပြည်သူတွေဆိုရင် ဒီလိုကာလမှာ ပုံမှန်ထက် စားဝတ်နေရေးအရမ်းခက်ခဲနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပြည်သူတစ်ဦးက ဒဂုံဆိပ်ကမ်း(၆၇နဲ့၆၉)မှာ ကျူးကျော်နေထိုင်နေကြတဲ့ ပြည်သူတချို့က အလုပ်လည်းမရှိကြတာကြောင့် တစ်နေ့တာစားသောက်ဖို့အတွက်တောင် ခက်ခဲနေကြလို့ ကူညီပြီးအလှူခံပေးနေတာဖြစ်ပါတယ်။ကျူးကျော်နေထိုင်ကြတဲ့သူတွေထဲမှာ ကျန်းမာရေးမကောင်းကြတဲ့သူတွေလည်း ပါဝင်နေပြီး(၆)နှစ်အရွယ် ပိုလီယိုသားငယ်လေးအတွက်လည်း အဝတ်အစားတွေပါ လိုအပ်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အိမ်ထောင်စု(၄၀၀)ရှိတာကြောင့် တစ်အိမ်ထောင်ကို (၅၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၂)ပြည်၊ကြက်ဥ(၁၀)လုံး၊ခေါက်ဆွဲခြောက်(၅)ထုပ်၊ကြက်သွန်နီ(၁)ပိဿ တို့ကို လှူဒါန်းပေးနိုင်ဖို့အတွက် ပြည်သူတစ်ဦးက တတ်နိုင်သလောက်ပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားတာ ဖြစ်ပါတယ်။အခုလိုကာလမျိုးမှာ အလုပ်လည်းမရှိကြဘဲအရမ်းချို့တဲ့နေကြတဲ့ပြည်သူတွေကို တစ်နိုင်တစ်ပိုင်လေး ကူညီလှူဒါန်းချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ်(09965528060)ကို ဆက်သွယ်ပြီး လှူဒါန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T