ကျဆုံးသွားတဲ့သားလေးရဲ့ဓာတ်ပုံကို ရင်ခွင်ထဲမှာပိုက်ထားပြီး ဘေးနားကနေမခွာဘဲ အရမ်းနာကျင်ခံစားနေရကာ ရူးမတတ်ဖြစ်နေတဲ့ ဖခင်တစ်ဦး

//s9.kh1.co/d6/d6b5792ce8fe2f7d7ebd03b020c9c42ebfa6fce5.jpeg
နေ့စဉ်သတင်းများ

 ၀၄-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတဲ့သားလေးရဲ့ဓာတ်ပုံကို ရင်ခွင်ထဲမှာပိုက်ထားပြီး ဘေးနားကနေမခွာဘဲ အရမ်းနာကျင်ခံစားနေရကာ ရူးမတတ်ဖြစ်နေတဲ့ ဖခင်တစ်ဦး

ယခုဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် အသက်ဆုံးရှုံးသွားရတဲ့သူတွေထဲမှာ ပညာတတ်လူငယ်လေးတွေ၊မိသားစုအတွက်ရုန်းကန်ပေးနေရတဲ့သူတွေ အများအပြားပါဝင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အသက်(၂၃)နှစ်အရွယ်ပဲရှိသေးတဲ့ မောင်ဇေယျာလင်း(ခ)ဇေယျာမျိုးနိုင်က မိသားစုရဲ့စားဝတ်နေရေးအတွက် (၃၀.၃.၂၀၂၁)မှာအလုပ်သွားလုပ်ရင်း ကျည်ထိမှန်ကာကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။မောင်ဇေယျာမျိုးနိုင်တို့မိသားစုက အခြေခံလူတန်းစားတွေဖြစ်တာကြောင့် ဒီသားလေးအပေါ်ပဲမှီခိုနေကြရတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်ဇေယျာမျိုးနိုင်က မိသားစုကို သူတတ်တဲ့ပညာလေးနဲ့လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။အခုလိုမျိုး မိသားစုအတွက်အားကိုးရတဲ့သားလေးက အသက်ပေးသွားရတာကြောင့် ကျန်ရစ်သူမိသားစုအနေနဲ့လည်း အားကိုးစရာမရှိတော့တာ ဖြစ်ပါတယ်။ဖခင်ဖြစ်သူဆိုရင်လည်း ကျဆုံးသွားတဲ့သားလေးရဲ့ဓာတ်ပုံကိုရင်ခွင်ထဲမှာ ပိုက်ထားပြီး အရမ်းခံစားနေရတာဖြစ်ပါတယ်။ပြည်သူတွေကလည်း သားလေးကိုအရမ်းချစ်တဲ့ဖခင်ရဲ့ပုံရိပ်တွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုဖြစ်ရပ်ကြောင့် ကျန်ရစ်သူမိသားစုရဲ့ရှေ့ရေးလည်း အခက်အခဲများစွာဖြစ်ပေါ်လာနိုင်လို့ ပြည်သူလူထုကလည်း ဝိုင်းဝန်းပြီးကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။မောင်ဇေယျာမျိုးနိုင်ရဲ့ သူငယ်ချင်းတွေကလည်းကျန်ရစ်သူမိသားစုအတွက် ကူညီပြီးအလှူခံပေးနေကြတာဖြစ်ပါတယ်။သားလေးရဲ့အလောင်းဘေးနားကနေမခွာဘဲ ဝမ်းနည်းခံစားနေရတဲ့ ဖခင်ဖြစ်သူရဲ့ပုံရိပ်လေးတွေကို ပြည်သူတွေက စိတ်မကောင်းဖြစ်စွာနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ Shareနေကြလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T