နေ့တိုင်းလမ်းပေါ်ထွက်နေကြတဲ့သူတွေထဲမှာ Gen Zတွေကတော့ ထိပ်ဆုံးကနေပါဝင်နေကြပြီး (၂)လကျော်ကြာသွားပြီဖြစ်တဲ့ လက်ရှိအခြေအနေကို နည်းလမ်းအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။မိမိရဲ့အသက်ကိုတောင်စွန့်လွှတ်ပြီး လမ်းပေါ်ထွက်နေကြတဲ့လူငယ်တွေကို ပြည်သူတွေကလည်း လိုအပ်တဲ့အကူအညီတွေပေးနေကြတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ မြန်မာပြည်သူ၊ပြည်သားတွေက ပိုပြီးစည်းလုံးနေကြကာ ကိစ္စရပ်တိုင်းကို တိုင်တိုင်ပင်ပင်နဲ့ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV

လမ်းပေါ်ထွက်နေကြတဲ့ ပြည်သူတွေကလည်း အချင်းချင်းကာကွယ်စောင့်ရှောက်ပေးကြပြီး အရေးအပေါ်အခြေအနေနဲ့ကြုံခဲ့ရင်တောင် အသက်ပေးပြီး ကယ်တင်ကြတာဖြစ်ပါတယ်။ဧပြီလ(၃)ရက်နေ့၊နံနက်ပိုင်းကဆိုရင်သထုံမြို့၊ပေါ်တော်မူသပိတ်စစ်ကြောင်း ဖြိုခွင်းခံရလို့ (၂)ဦးကျည်ထိခဲ့ပြီး ပြည်သူ အယောက် (၂၀) ထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ကျည်ထိသွားတဲ့ပြည်သူ(၂)ယောက်ထဲက တစ်ယောက်ကတော့ အသက်(၅၀)ဝန်းကျင် ဦးလေးကြီးတစ်ယောက်ဖြစ်ပြီး လူငယ်တွေရှေ့ကနေကာပေးရင်း ရင်ဘတ်ကိုကျည်ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဦးလေးကြီးကတော့ CU နောက်က ဝိဇရာယာမကျောင်းမှာ ပန်းရံလုပ်နေတာဖြစ်ပြီး နားရက်ယူထားတဲ့နေ့လေးမှာဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဦးလေးကြီးက လူထုလှုပ်ရှားမှုကိုဖြိုခွင်းခံနေရတယ်လို့ကြားတာကြောင့် ကလေးတွေကိုကာကွယ်ဖို့အတွက် လေးခွကိုင်ပြီးအိမ်ကနေအပြေးထွက်သွားခဲ့တာ ဖြစ်ပါတယ်။ပြည်သူလူထုကလည်း လူငယ်တွေကို ရဲရဲရင့်ရင့်ကာကွယ်ပေးခဲ့တဲ့ ဦးလေးကြီးကျဆုံးသွားခဲ့လို့ အရမ်းဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။အခုလိုမျိုး ကိုယ့်ရဲ့အသက်ကိုစွန့်လွှတ်ပြီး လူငယ်လေးတွေကို ကယ်တင်ခဲ့တဲ့သူရဲကောင်းဦးလေးကြီးကို လေးစားစွာနဲ့ဂုဏ်ပြုဦးညွှတ်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။