ယခုလက်ရှိအချိန်ထိ မတည်ငြိမ်သေးတဲ့အခြေအနေတွေမှာဆိုရင် ပြည်သူလူထုကလည်း အားမလျော့ကြသေးဘဲတစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ရဲရဲရင့်ရင့် ရင်ဆိုင်နေကြတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ကိုယ်တိုင်လည်း အခက်အခဲတွေနဲ့ကြုံတွေ့နေရပေမယ့် ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း ဝိုင်းဝန်းကူညီဖေးမပေးကြတာ ဖြစ်ပါတယ်။ပြည်သူတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက်အဝတ်အထည်၊အစားအသောက်တွေကို တတ်နိုင်သလောက်လှူဒါန်းပေးကြတာဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာနေထိုင်ကြတဲ့ ပြည်သူတချို့ကတော့ မိမိတို့ရွာကို ဗုံးကြဲလို့ မိသားစုလိုက်တောထဲပြေးပြီးအဆင်ပြေသလို နေထိုင်စားသောက်နေရတာဖြစ်ပါတယ်။ဒီအခြေအနေကို နုနယ်သေးတဲ့ကလေးငယ်လေးတွေကအစ ရင်ဆိုင်နေရပြီး ခက်ခဲကြမ်းတမ်းတဲ့ဘဝကို အသက်ငယ်ငယ်လေးနဲ့ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဒုက္ခအခက်အခဲတွေကိုကြည့်ပြီး ပြည်သူလူထုကလည်း သူတို့နဲ့ထပ်တူ ခံစားနာကျင်နေရတာဖြစ်ပါတယ်။
အခုဆိုရင်လည်း စစ်ဘေးရှောင်ကလေးငယ်လေးတစ်ယောက်က ထမင်းစားနေတဲ့အချိန်မှာ ကောင်းကင်ကိုမော့ကြည့်ပြီး ထိတ်လန့်စိုးရိမ်နေရတာဖြစ်ပါတယ်။ထမင်းစားနေရင်းနဲ့ပဲ လေယာဉ်သံကြားလို့ စားလက်စထမင်းပန်းကန်လေးကို ကိုင်ပြီး ထပြေးနေရတဲ့ ကလေးငယ်လေးရဲ့ ကျီးလန့်စာစားပုံရိပ်လေးကြောင့် ပြည်သူတွေကပါအရမ်းဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။ခက်ခဲကြမ်းတမ်းတဲ့ဘဝကိုရင်ဆိုင်နေရချိန်မှာ ထမင်းတစ်နပ်တောင်အေးအေးချမ်းချမ်းမစားရတဲ့ စစ်ဘေးရှောင်ကလေးငယ်လေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder