တစ်ချိန်က လူငယ်တွေအသဲစွဲဖြစ်တဲ့ Example အဖွဲ့ရဲ့ အဆိုတော် ထွန်းထွန်း တစ်ယောက် ရုပ်ရှင်ဇာတ်ကားတွေလည်းများစွာရို်က်ကူးနေရသလို အကယ်ဒမီနဲ့အတူ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

KKTT လို့ သူ့ကိုသူပြောလေ့ရှိတဲ့ သရုပ်ဆောင်ထွန်းထွန်းကတော့ ဒွေးရဲ့ ဆယ်နှစ်ပြည့် ကွယ်လွန်ခြင်းနှစ်ပတ်လည်နဲ့ပတ်သက်ပြီး ဒွေးနဲ့ပတ်သက်တဲ့ အမှတ်တရတစ်ခုကို အခုလိုပြောပြခဲ့ပါတယ်။

သရုပ်ဆောင် ထွန်းထွန်းက ဒွေးနဲ့အတူ နိုင်ငံတော်ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုသာ အတူရိုက်ခဲ့ဖူးပြီး ပရိသတ်အဖြစ်နဲ့သာ ဒွေးကို အားပေးခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် သူ့အနေနဲ့ ဒွေးဆီကနေ စကားလက်ဆောင်တွေရခဲ့ပါတယ်။

“မင်းတို့လူငယ်တွေအလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ဖို့လိုအပ်တယ်တဲ့။ကိုယ်အလုပ်တစ်ခုကို လက်ခံထားပြီဆိုရင် လုပ်ချင်ချင်မလုပ်ချင်ချင်ပြီးပြတ်အောင်လုပ်တဲ့။ကောင်းအောင်လုပ် စေတနာထားပြီးလုပ် ” ဒီစကားတွေကတော့ သူ့ဆီကနေ ရခဲ့တာပါလို့ သရုပ်ဆောင် ထွန်းထွန်းက ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် ထွန်းထွန်းရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ သြဂုတ်လထဲမှာ ပီဇာ ၊ Rose Ridder အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးမှာဖြစ်ပြီး ကြောက် ကြောက် ကြောက် နဲ့ ပွဲခံမယ် ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကား ရုံတင်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ် Myanmar People magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။