နေမကောင်းဖြစ်နေသော်လည်း ဖေဖော်ဝါရီလကတည်းမှစပြီး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေသူကတော့ သရုပ်ဆောင် သက်မွန်မြင့်ပဲ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ပြီး အင်တိုက်အားတိုက် မပါဝင်နိုင်ခဲ့တဲ့ အတွက်လည်း ဝမ်းနည်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်းနေမကောင်းတဲ့ကြားက အခုလို ပါဝင်ပေးနေတဲ့ ချစ်သက်ကို အရင်ကထက်ပိုပြီး ချစ်ခင် အားပေးနေကြတာပါ။


သက်မွန်မြင့်ကတော့ လတ်တလောဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ခေတ္တတိမ်းရှောင်နေ ရတာပါ။ အခုလိုတွေ ဖြစ်နေပေမယ့်လည်း လူမှုကွန်ယက်များမှတစ်ဆင့်တော့ သတင်းအချက်အလက်တွေကို ပြန်လည်ဝေမျှပေးနေတာကို မြင်တွေ့ကြရမှာပါ။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း သက်မွန်မြင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုအခြေအနေမှာ ပြည်သူတွေနဲ့အတူရှိနေကြောင်း သူတို့ဘက်မှ သက်သေပြပေးသွားခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်း ရေးသားပြောပြလာတာပဲ ဖြစ်ပါတယ်။


သူမကလည်း " ကျန်းမာရေး မကောင်းလို့ ဘာမှ မပါဝင်နိုင်ဘူးဆိုပြီး စိတ်မကောင်းဖြစ် ကိုယ့်ကိုကိုယ် အပြစ်တင်နေတာ...
ပြည်သူနဲ့ အတူ ဆိုတာ သူတို့က သက်သေပြပေးလိုက်တာပါပဲ
ပြည်သူတွက် ပါဝင်ခွင့်ရလို့
ကျေးဇူးတင်ပါတယ်
#အရေးတော်ပုံအောင်တော့မည် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒီပို့စ်ရဲ့အောက်မှာလည်း အနုပညာရှင်မောင်နှမများနဲ့ မိတ်ဆွေတစ်ချို့က အစစအရာရာ ဂရုစိုက်ဖို့ ချစ်သက်ကို comment ရေးသားထားကြတာပါ။ ပရိသတ်တွေလည်း သိရှိရအောင် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Thet Mon Myint’s Facebook Page


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။