ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာနဲ့ရပ်တည်နေတဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောအိန်ဂျယ်လမုန်ကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။
လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်နဲ့ ရဲရဲဝင့်ဝင့်ပါဝင်လုပ်ဆောင်နေတဲ့ အိန်ဂျယ်လမုန်ကတော့ ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အလှူအတန်းတွေကိုလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။


လှုပ်ရှားမှုတွေကို တက်ကြွစွာလုပ်ဆောင်တာတွေကြောင့် ၅၀၅-က ဖြင့် အရေးယူခြင်းခံရတဲ့ အနုပညာရှင်များထဲမှာ အိန်ဂျယ်လမုန်ကလည်း ပါဝင်လာပြီး လက်ရှိမှာတော့ ဂရုတစိုက်နေထိုင်နေရသလို စိတ်ပူပေးကြသူတွေကိုလည်း ကျေးဇူးတင်စကားဆိုလာပါတယ်..။
အိန်ဂျယ်လမုန်ကတော့ သူမကိုယ်တိုင်က အရေးယူခြင်းခံထားရပေမယ့် ပြည်သူတွေနဲ့တစ်သားတည်းရှိနေရတဲ့အတွက် ဘာပဲဖြစ်ဖြစ်ကျေနပ်တယ်ဆိုပြီးတော့လည်း သူမရဲ့ယုံကြည်မှုတွေနဲ့ မပြောင်းလဲတဲ့ခံယူချက်တွေကိုလည်း ပြောတာ ဖြစ်ပါတယ်..။


"ပြည်သူတွေနဲ့အတူ တသားတည်းရှိရတဲ့အတွက်ကြောင့် ဘာတွေပဲဖြစ်ဖြစ်ကျေနပ်ပါတယ်.💙စိတ်ပူပေးကြတဲ့အယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင် 🙏🏻.." ဆိုပြီး အိန်ဂျယ်လမုန်က ရေးသားပြောပြထားတာ ဖြစ်ပါယ်..။
သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း စိတ်ပူပြီး အားပေးစကားတွေလည်း ပြောထားကြသလို အန္တရာယ်ကင်းစေဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။


သတင်းအရင်းမြစ်: Angel Lamung's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။