အဆိုတော် ထိုက်ထိုက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းစီးပွားရေးနဲ့ ဆက်စပ်နေတဲ့ တရုတ်ထုတ်ပစ္စည်းတွေကို မသုံးစွဲကြဖို့အတွက်လည်း ပြည်သူတွေကို မေတ္တာရပ်ခံကာ တိုက်တွန်းနေတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထိုက်ထိုက်က သူမရဲ့ လူမှုကွန်ယက် Facebook Account ထက်မှာ ပိုစ့်တစ်ခုတင်ကာ ပြောပြလာခဲ့ပါတယ်။


ဒါကတော့ တရုတ်ထုတ်ပစ္စည်းတွေကို မသုံးစွဲကြဖို့နဲ့ ပြည်တွင်းဖြစ် ပစ္စည်းတွေကို စျေးအများကြီး တင်ကာ မရောင်းချဖို့အတွက်ပဲ ဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနေတဲ့ Made in Myanmar products တွေကို အရင်ထက် အမြတ်တွေ လျော့ချပြီး ရောင်းချနေတာဖြစ်ပါတယ်။ ဒါ့အပြင် Quality ကိုတော့ အရင်တိုင်းထိန်းထားပါတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။


အဆိုတော် ထိုက်ထိုက်က အခုလို အခြေအနေမျိုးမှာ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီအားဖြည့်ရင်း " ဒါကျွန်မ တတ်နိုင်တဲ့ဘက်က Local products ကို Local citizen တွေ အားပေးချင်စိတ်ရှိအောင် ပြုလုပ်ခြင်းပါပဲ ။ Local citizen တွေကို အရင် အားပေးအောင်လုပ်နိုင်မှ Local business cycle ကို လည်ပတ်အောင် စွမ်းဆောင်နိုင်မှာပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားကာ ရှင်းပြခဲ့ပါသေးတယ်။ ပရိသတ်တွေ အသေးစိတ်ဖတ်နိုင်စေဖို့အတွက် ထိုက်ထိုက်ရဲ့ စာသားတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်။


သတင်းအရင်းမြစ်: Source & Photo Credit - Htike Htike Aung's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။