ပိတောက်ပန်းတွေအား ဘုရားပန်းအဖြစ်ကပ်လှူပူဇော်ကာ ပြည်သူတွေဘေးကင်းဖို့ ဆုတောင်းပေးနေတဲ့ ပိုပို

//s9.kh1.co/d2/d24b22078e43bc4df9b4d7086de91972b36dcc11.jpeg
အနုပညာရှင်များ

 ၀၅-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  ပိုပိုကတော့  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ   တက်ကြွစွာ  ပူးပေါင်းပါဝင်နေသူ  တစ်ဦးလည်း  ဖြစ်ပါတယ်။  ဖေဖော်ဝါရီလအစကတည်းမှစပြီး  ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်နေရုံတင်မကဘဲ   လမ်းပေါ်ထွက်ကာ အမှန်တရားဘက်ကနေ ရပ်တည်နေကြတဲ့ ပြည်သူတွေအတွက် သူငယ်ချင်းများနဲ့ စုပေါင်းကာစားစရာ၊သောက်စရာများလည်း လှူဒါန်းခဲ့တာတွေကို မြင်တွေ့ခဲ့ကြရမှာပါနော်။

Photo Crd-Po Po’s Facebook Account 
Photo Crd-Po Po’s Facebook Account 
Photo Crd-Po Po’s Facebook Account 
Photo Crd-Po Po’s Facebook Account 

လက်ရှိမှာတော့  အခြေအနေအရပ်ရပ်ကြောင့်  ခေတ္တတိမ်းရှောင်နေရပေမယ့်လည်း  ပြည်သူတွေနဲ့အတူတစ်သားတည်းရှိကြောင်းကို " သင်္ကြန်လည်းမပျော်ပါ 

ဘာဆေးမှ မထိုးပါ 

ပြည်သူတွေ ပျော်မှ ပျော်မယ် 

ပြည်သူတွေ ဆေးထိုးမှ ထိုးမယ် 

ပြည်သူ နဲ့အတူ

#popo  " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ရေးသားဝေမျှနေတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေစိတ်မပူစေရအောင်လို့လည်း  ပိုပိုရဲ့Facebook Story တွင် " စိတ်မပူကြပါနဲ့ စားလိုက် အိပ်လိုက်နဲ့ အဆင်ပြေနေပါတယ် " ဆိုပြီး တင်ထားပါသေးတယ်။  

Photo Crd-Po Po’s Facebook Account 
Photo Crd-Po Po’s Facebook Account 
Photo Crd-Po Po’s Facebook Account 
Photo Crd-Po Po’s Facebook Account 

လောလောဆယ်တော့ ဘေးကင်းလုံခြုံတဲ့နေရာတွင် နေနေပြီး သူမရဲ့ လှုပ်ရှားမှုတွေကိုတော့  တင်ပေးနေတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ပိတောက်ပန်းတွေနဲ့ ရိုက်ထားတဲ့ ပုံတစ်ပုံကို တင်ထားတာပါ။  ဒါ့အပြင် " ပိတောက်တွေရပြီမို့ စိတ်ချမ်းသာ☺️ ဘုရားပန်းအဖြစ် လှူလိုက်ပြီးပြည်သူတွေအတွက် ဆုတောင်းပေးပါတယ်" ဆိုပြီး တင်ထားတာဖြစ်တာကြောင့် ပရိသတ်တွေလည်း သိရှိရအောင် ဒီသတင်းကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်။ တိမ်းရှောင်နေကြရတဲ့ အနုပညာရှင်များလည်း အစစအရာရာ ဂရုစိုက်ကြပါလို့လည်းမှာကြားလိုက်ပါရစေနော်။

Source and Photo Crd-Po Po’s Facebook Account 

Photo Crd-Po Po’s Facebook Account 
Photo Crd-Po Po’s Facebook Account 
Photo Crd-Po Po’s Facebook Account 
Photo Crd-Po Po’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T