လူနေအိမ်တွေနားမှာ Defense လုပ်မိရာကနေ မောင်းထုတ်ခံရတာကြောင့် ခွင့်လွှတ်ပေးဖို့ ထိုင်ကန်တော့ပြီး ဒူးထောက်တောင်းပန်ခဲ့ကြတဲ့ လူငယ်တစ်စု

//s9.kh1.co/d5/d587bd8aa57706f5f18d27d666d152e7d3aa1b3d.jpg
နေ့စဉ်သတင်းများ

 ၀၅-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

လူနေအိမ်တွေနားမှာ Defense လုပ်မိရာကနေ မောင်းထုတ်ခံရတာကြောင့် ခွင့်လွှတ်ပေးဖို့ ထိုင်ကန်တော့ပြီး ဒူးထောက်တောင်းပန်ခဲ့ကြတဲ့ လူငယ်တစ်စု

လူငယ်တွေကတော့ သူတို့ရဲ့ဆန္ဒနဲ့ မျှော်လင့်ချက်တွေအတွက် လုံးဝနောက်မဆုတ်ဘဲ ရှေ့ဆက်လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း လူငယ်တွေက အခက်အခဲတွေ၊ အန္တရာယ်တွေကြားကနေ ရဲရဲဝင့်ဝင့် အရှေ့ထွက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေကြတဲ့ လူငယ်တွေက ပြည်သူတွေကို ကာကွယ်ပေးတဲ့အပြင် မရိုးနိုင်တဲ့ အိုင်ဒီယာအသစ်အဆန်းတွေနဲ့ နည်းလမ်းမျိုးစုံသုံးကာ ဆန္ဒဖော်ထုတ်နေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Ants Are Always Busy
Photo Credit-Ants Are Always Busy

ပြီးခဲ့တဲ့ ဧပြီလ (၂) ရက်နေ့ကဆိုရင်လည်း ရန်ကုန်မြို့မှာ ဆန္ဒဖော်ထုတ်နေကြတဲ့ လူငယ်တစ်ချို့က ပြည်သူတွေကို တောင်းပန်ခဲ့ရတာ ဖြစ်ပါတယ် ။ အခုလိုပြုလုပ်ရတဲ့ အကြောင်းအရင်းကတော့ လူငယ်တွေက လူစုခွဲဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ Defense ပြန်လုပ်မိရာကနေ အနီးအနားမှာရှိတဲ့ လူနေအိမ်တွေက သူတို့ကို မောင်းထုတ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် လူငယ်တွေက သူတို့ကိုခွင့်လွှတ်ပေးဖို့အတွက် ပြည်သူတွေကို လက်အုပ်ချီပြီး တစ်ညီတစ်ညာတည်း ဒူးထောက်တောင်းပန်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Ants Are Always Busy
Photo Credit-Ants Are Always Busy
Photo Credit-Ants Are Always Busy
Photo Credit-Ants Are Always Busy

ဒီအဖြစ်အပျက်အကြောင်းကို ပြောပြထားတဲ့ လူငယ်တစ်ယောက်ကတော့ "ဝမ်းနည်းကြောင်းဆုတောင်းနေရတာ မဟုတ်ဘူးနော် အဲ့နားမှာ defense လုပ်မိလို့ အဲ့နားက လူနေအိမ်တွေက အမြဲမောင်းထုတ်လို့ ခွင့်လွှတ်ပေးကြဖို့ ထိုင်ကန်တော့ပြီး တောင်းပန်နေရတာ ကျွန်တော်တို့ မိန်းကလေးတွေကိုတော့ ဒူးမထောက်ခိုင်းပါဘူး ကျွန်တော်တို့ ယောက်ျားလေးတွေပဲ ဒူးထောက်ခဲ့ပါတယ်။ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ် ။ လူငယ်တွေကို လက်ခံပြီး ဖေးမကူညီပေးနေတဲ့ လူကြီးတွေရှိပေမယ့်လည်း တစ်ချို့လူကြီးတွေကတော့ အမြဲမောင်းထုတ်ကြတာကြောင့် အခုလို တောင်းပန်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Source:Ye Hein's FB Acc

Photo Credit-Ants Are Always Busy

Photo Credit-Ants Are Always Busy
Photo Credit-Ants Are Always Busy
Photo Credit-Ants Are Always Busy
Photo Credit-Ants Are Always Busy
Photo Credit-Ye Hein's FB Acc
Photo Credit-Ye Hein's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T