သရုပ်ဆောင် မြတ်နိုးအေးကတော့ ဖေဖော်ဝါရီလ အစကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး ဆိုရှယ်မီဒီယာထက်မှာလည်း Speak outလုပ်ပေးနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook, Instagram, Twitter နဲ့ Tiktok မှာလည်း လက်ရှိအခြေအနေနဲ့ ပတ်သတ်တာတွေကို အများပြည်သူသိရအောင် အမြဲလိုလို ရေးသားမျှဝေပေးလေ့ရှိတာဖြစ်ပါတယ်။


ဒီကနေ့မှာတော့ မြတ်နိုးအေးက သူမကို ၅၀၅ က ပုဒ်မနဲ့ တရားစွဲဆို ခြိမ်းခြောက်တာနဲ့ပတ်သတ်ပြီး Post တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ မြတ်နိုးအေးက နဂိုတည်းက ကြောက်တတ်သူတစ်ယောက်ဖြစ်ပေမယ့်လည်း အခုလို ကိုယ်တိုင်ကြုံတွေ့ရတဲ့ အခြေအနေမျိုးမှာ သူမ လုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့အတွက် လိပ်ပြာလုံပြီး ဂုဏ်ယူမဆုံးဖြစ်နေမိတယ်ဆိုတဲ့ အကြောင်းကို ရေးသားမျှဝေထားတာပါ။



မြတ်နိုးအေးက သူမရဲ့ Facebook Account ထက်မှာ " နဂိုတည်းက ဘာမဆို ကြောက်တတ်တဲ့ ကျွန်မ ကိုယ့်အလှည့်ရောက်လာရင် တော်တော် ကြောက်မိမယ် ထင်ထားခဲ့သမျှ တကယ့်တကယ် ကြုံလာရတဲ့အချိန် အမှန်တရားဘက်မှာ ရပ်တည်ခဲ့တဲ့ ကိုယ့်လုပ်ရပ်တွေကိုပဲ ဂုဏ်ယူမဆုံး ဖြစ်မိနေပါတယ်။ လိပ်ပြာလည်း လုံပါတယ် မပါလာခဲ့ရင်တောင် ဒီလောက်လုပ်ထားရက်နဲ့ကွာ..ဆိုပြီး စိတ်ကောက်မိမှာပါ ( ဤကား စကားချပ် ) စိတ်ချမ်းသာစရာကောင်းမယ့် အနာဂတ်မှာ အားလုံးတူတူ ပြန်တွေ့ကြရမှာမို့ အားလုံးလည်း ဘေးကင်းအောင်နေပေးကြပါ။ စိတ်ပူပေးတဲ့ တစ်ယောက်စီအတွက်ကျေးဇူးပါ။ ဘေးကင်းအောင် ရှင်သန်ပါ့မယ် " ဆိုတဲ့ စာသားလေးကို ရေးသားလာတာဖြစ်လို့ ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက်ပါတယ်။



သတင်းအရင်းမြစ်: Source & Photo Credit - Myat Noe Aye - မြတ်နိုးအေး 's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။