ပရိသတ်တွေ စိတ်မပူရအောင် လူမှုကွန်ယက်တွင် ခဏပျောက်နေရတဲ့ အကြောင်းရင်းကို သေချာရှင်းပြလိုက်တဲ့ ရှိုင်း

//s9.kh1.co/36/3614a9cfb47a1e56d2b7eb0fff2395df62fa3d28.jpeg
အနုပညာရှင်များ

 ၀၆-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရှိုင်းကတော့  ရခိုင်လူမျိုး ဖြစ်ပြီး  သူ့ရဲ့ မွေးရပ်မြေအတွက် လိုအပ်တဲ့နေရာတိုင်းကို  အမြဲကူညီဆောင်ရွက်ပေးနေသူ တစ်ဦးပဲ  ဖြစ်ပါတယ်။  ရခိုင်ပြည်နယ်  မြောက်ဦးမြို့နယ်မှာရှိတဲ့  တိမ်ညိုစစ်ဘေးရှောင်စခန်းက  မီးဘေးသင့်ခံခဲ့ရတဲ့  ပြည်သူများအတွက်လည်း   ကောက်ခံရရှိထားတဲ့  စုပေါင်းအလှူငွေများအား  သွားရောက်လှူဒါန်းပေးခဲ့တာကိုလည်း  ကြည်နူးဖွယ်  မြင်တွေ့ခဲ့ကြရမှာပါ။  

Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 

ဒါ့အပြင်  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း  ရှေ့ဆုံးကနေ  တက်ကြွစွာ  ပါဝင်ခဲ့သူတစ်ဦးပါ။  အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေနဲ့အတူ  တစ်သွေးတည်း  တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့  ရှိုင်းကို အားလုံးက  ချီးကျူးဂုဏ်ယူနေကြတာပါ။  သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို  အမြဲတင်ပေးလေ့ရှိသော်လည်း  လတ်တလောတွင် ဘာအကြောင်းမှ  ဝေမျှခြင်းမရှိတာကြောင့်  ပရိသတ်တွေက  စိုးရိမ်နေကြတာပါ။

Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 

သူ့ကို စိတ်ပူပေးနေကြတဲ့  ပရိသတ်တွေအတွက်  မနေ့ညက  ရှိုင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  လတ်တလောပျောက်ကွယ်နေရတဲ့ အကြောင်းရင်းကို ရှင်းပြလာတာပါ။ " ကျွန်တော် ရှိပါတယ် . . . ဘာမှမဖြစ်သေးပါဘူး . . .

ပျောက်သွားတာလည်း မဟုတ်သလို . . . ဘာမှဆက်မ run ဖြစ်တော့တာလည်း မဟုတ်ပါဘူး . . . 

တစ်ချို့လုပ်စရာလေးတွေက public နဲ့လုပ်ပြမှ အဆင်ပြေသလို . . . တစ်ချို့လုပ်စရာတွေက public နဲ့ အဆင်မပြေလို့သာ ခဏပျောက်နေခြင်းဖြစ်ပါတယ် . . . 

ဘယ်လိုပုံစံနဲ့ပဲလုပ်လုပ် အရေးတော်ပုံအောင်မြင်ဖို့သာ အဓိကမို့ ကျွန်တော်နဲ့ ပတ်သက်ပြီး ကျွန်တော့် " PERFECTOR " တွေစိတ်မပူကြဖို့ပဲ မှာထားလိုပါတယ် . . .

Emergency တစ်ခုခုဆို ကျွန်တော်ယုံကြည်ရတဲ့ ကျွန်တော့်မိတ်ဆွေတွေကဆီက သတင်းကြားရပါလိမ့်မယ် . . . 

အရေးတော်ပုံအတွက် ဆက်လက်တိုက်ပွဲဝင်လျက်ပါ . . .

အာဏာရှင်မှန်သမျှ မုချကျရှုံးစေရမည် . . .

အရေးတော်ပုံ အောင်ရမည် . . .

#We_Need_Justice

#We_want_democracy

#SaveMyammar" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Shine’s Facebook Page 

Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T