ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အိခဲဘုခုရိုဘူတာမှာ မြန်မာနိုင်ငံအကြောင်းရေးသားထားတဲ့ လက်ကမ်းစာစောင်နဲ့ Tissue တွေလိုက်ဝေခဲ့ကြတဲ့ လူငယ်များ

//s9.kh1.co/c7/c74720a46aeac04237ae42d8322bfd1ab34bc06b.jpg
နေ့စဉ်သတင်းများ

 ၀၆-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အိခဲဘုခုရိုဘူတာမှာ မြန်မာနိုင်ငံအကြောင်းရေးသားထားတဲ့ လက်ကမ်းစာစောင်နဲ့ Tissue တွေလိုက်ဝေခဲ့ကြတဲ့ လူငယ်များ

မြန်မာနိုင်ငံက လူငယ်တွေကတော့ မလျှော့သောဇွဲလုံ့လတွေနဲ့ လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ကြိုးစားပါဝင်နေကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေရဲ့စည်းလုံးညီညွတ်မှုကြောင့်ပဲ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို နိုင်ငံတကာအသိုင်းအဝိုင်းကပါ အချိန်နဲ့တစ်ပြေးညီ သိရှိခဲ့ရတာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာဆိုရင်လည်း ဂျပန်နိုင်ငံရောက် မြန်မာလူငယ်တွေက မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီး ပြည်ပမှာ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

လူငယ်တွေက အတူတူပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲ့အခြေအနေ‌ကို ဂျပန်ပြည်သူတွေပါ သိရှိလာအောင် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဧပြီလ (၃) ရက်နေ့ကဆိုရင်လည်း လူငယ်တစ်စုက ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အိခဲဘုခုရိုဘူတာအရှေ့မှာ လက်ကမ်းစာစောင်တွေနဲ့ Tissue တွေ လိုက်ဝေခဲ့တာ ဖြစ်ပါတယ် ။ လူငယ်တွေက မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေကို ဂျပန်ဘာသာစကားနဲ့ ရေးသားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဂျပန်ရောက် မြန်မာလူငယ်တွေကတော့ မြန်မာဝတ်စုံတွေဝတ်ဆင်ပြီး ဆိုင်းဘုတ်တွေကိုယ်စီကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။ ပြည်ပရောက်နေတာတောင် ကိုယ့်နိုင်ငံအတွက် ကြိုးစားပမ်းစား ဆောင် ရွက်ပေးနေတဲ့ လူငယ်တွေက တကယ့်ကို တာဝန်ကျေပွန်တဲ့သူတွေပဲ ဖြစ်ပါတယ် ။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က အိခဲဘုခုရိုဘူတာအရှေ့မှာ လက်ကမ်းစာစောင်နဲ့ Tissue တွေဝေပြီး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ မြန်မာလူငယ်တွေရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T