စားစရာရှိပြန်တော့လည်း ထည့်စားစရာပန်းကန်မရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေကို တတ်နိုင်သလောက်လှူပေးကြဖို့ နှိုးဆော်လာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/c2/c296e8e59079a838e5b268d02ccea997d69d3937.jpeg
နေ့စဉ်သတင်းများ

 ၀၆-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

စားစရာရှိပြန်တော့လည်း ထည့်စားစရာပန်းကန်မရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေကို တတ်နိုင်သလောက်လှူပေးကြဖို့ နှိုးဆော်လာတဲ့ ပြည်သူတစ်ဦး

မြန်မာပြည်အနယ်နယ်၊အရပ်ရပ်မှာရှိတဲ့ ပြည်သူလူထုကတော့ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေကြတာ ဖြစ်ပါတယ်။မိမိတို့မှာရှိသလောက်ကို ရက်ရက်ရောရောလှူဒါန်းပေးတတ်ကြတဲ့ ပြည်သူတွေက လတ်တလောမှာဆိုရင် ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက်ပါ ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပါတယ်။ကရင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ပြည်သူတချို့ကတော့ မတ်လကုန်ခါနီးလောက်မှာ မိမိတို့ရွာကို ဗုံးကြဲခံရလို့ မိသားစုလိုက်တောထဲပြေးနေရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စစ်ဘေးရှောင်ပြည်သူတွေကတော့ တောထဲမှာ အဆင်ပြေသလိုနေထိုင်စားသောက်နေရပြီး လူမမယ်ကလေးငယ်တွေကအစ ဒုက္ခအခက်အခဲကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း စစ်ဘေးရှောင်ပြည်သူတွေလိုအပ်မယ့် အဝတ်အထည်၊စောင်၊ခြင်ထောင် စတဲ့အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ စားစရာတွေကို လှူဒါန်းနေကြတာ ဖြစ်ပါတယ်။အခုလိုမျိုး လူတိုင်းနီးပါးခက်ခဲနေကြချိန်မှာ သူတို့ရဲ့အခက်အခဲတွေကို မျှဝေခံစားပေးလို့ စစ်ဘေးရှောင်ပြည်သူတွေက အလှူရှင်တွေကိုကျေးဇူးတင်နေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူရှင်တွေက အဟာရပြည့်ဝမယ့် အစားအသောက်တွေကို လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။စားစရာရှိပြန်တော့လည်း ထည့်စားစရာပန်းကန်မရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပန်းကန်လေး​တွေ တတ်နိုင်သလောက်လှူဒါန်ပေးကြဖို့ ပြည်သူတစ်ဦးက တိုက်တွန်းနှိုးဆော်ထားတာဖြစ်ပါတယ်။ပြည်သူတွေလှူဒါန်းကြတဲ့ စားစရာတွေကို အားရပါးရစားသောက်နေကြတဲ့ စစ်ဘေးရှောင်ကလေးလေးတွေရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T