မြန်မာပြည်သူ၊ပြည်သားတွေကတော့ လက်ရှိအခြေအနေကြောင့် အသက်ပေးသွားရတဲ့ သူရဲကောင်းတွေကိုလည်းအမြဲအောက်မေ့သတိရပြီးဦးညွှတ်ဂါရဝပြုနေကြတာဖြစ်ပါတယ်။အခုချိန်ထိဆိုရင် ကျဆုံးသူဦးရေ(၅၀၀)ကျော်နေပြီဖြစ်ပြီး တချို့မိသားစုတွေအတွက် အစားပြန်ထိုးလို့မရနိုင်တဲ့ သွေးသားရင်းတွေကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ပြည်သူလူထုက ကျန်ရစ်သူမိသားစုတွေကိုလည်း ဝိုင်းဝန်းစောင့်ရှောက်ပေးကြပြီး သူတို့ရဲ့သောကအပူမီးတွေကိုပါ မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။
အခုဆိုရင်လည်း လူမမယ်ကလေးသုံးယောက်ကို လုပ်ကျွေးပြုစုနေတဲ့ဖခင်တစ်ဦးကတော့ မကြာသေးခင်ရက်ပိုင်းအတွင်းက တောင်ဒဂုံမှာ ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ကလေးသုံးယောက်အတွက်လည်းအားကိုးစရာဆိုလို့ ဖခင်ပဲရှိတော့တာကြောင့် အခုဆိုရင် မိဘမဲ့ဖြစ်သွားရရှာပြီဖြစ်ပါတယ်။လတ်တလောမှာဆိုရင်မိဘမဲ့ဖြစ်သွားရရှာတဲ့ လူမမယ်ကလေးသုံးယောက်ကို ဦးလေးဖြစ်သူက ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။
ပြည်သူလူထုကလည်း ကျန်ရစ်သူကလေးသုံးယောက်ကို စာနာသနားကြလို့ တတ်နိုင်သလောက်ကူညီဖေးမပေးနေကြတာ ဖြစ်ပါတယ်။ကလေးလေးတွေရဲ့ အနာဂတ်လေးလှပဖို့အတွက် တစ်တပ်တစ်အားကူညီပေးချင်တယ်ဆိုရင်တော့ တောင်ဒဂုံမြို့နယ်၊(၅၃)ရပ်ကွက် နှင်းဆီမြိုင်လမ်း ကျူးကျော်တဲစုနားကို သွားရောက်ပြီး ကူညီလှူဒါန်းပေးလို့ရပါတယ်။အမိမဲ့နေတဲ့အပြင် အသက်ငယ်ငယ်လေးနဲ့ ဖခင်ကိုပါဆုံးရှုံးလိုက်ရတဲ့ ကလေးလေးသုံးယောက်ကိုသနားကြင်နာစွာနဲ့ ကူညီပေးကြပါဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder