ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့အောင်မြင်စွာရပ်တည်နေတဲ့ သရုပ်ဆောင်မင်းသမီးချောနွယ်ဒါလီထွန်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ တက်ကြွစွာနဲ့ အင်တိုက်အားတိုက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက စတင်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်ပြီး လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် လှူဒါန်းမှုတွေပြုလုပ်ပြီးတော့လည်း တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေသူလည်း ဖြစ်ပါတယ်..။


တော်လှန်ရေးတိုက်ပွဲကြီးမှာ ရဲရဲရင့်ရင့်နဲ့ပါဝင်ခဲ့တဲ့ နွယ်ဒါလီထွန်းကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေတစ်ဦးဖြစ်ပြီး လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုလည်း စိတ်ပူတဲ့အကြောင်းပြောပြလာပါတယ်..။
သူမကိုယ်တိုင်က အရေးယူခြင်းခံထားရပေမယ့်လည်း အကြောက်တရားက ပြည်သူလူထုကိုလွှမ်းမိုးသွားမှာကိုပဲ စိတ်ပူပြီး လွယ်လွယ်နဲ့မမေ့ဘဲတတ်နိုင်တဲ့ဘက်ကနေ အားတင်းထားကြဖို့ကိုလည်း သူမက ပြောပြထားပါသေးတယ်..။


"အကြောက်တရားကပြည်သူလူထုကိုလွှမ်းမိုးသွားမှာပဲ စိတ်ပူတယ် ဒီမတရားမှုတွေကိုကျင့်သားမရကြပါနဲ့
လွယ်လွယ်နဲ့မေ့မပြစ်ကြပါနဲ့ရှင် တတ်နိုင်တဲ့ဘက်ကဆက်ပီးတွန်းလှန်ကြပါ အတူပါဝင်ပေးကြပါ
အရေးတော်ပုံအောင်ရမည် 💪.." ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။
နွယ်ဒါလီထွန်းကလည်း အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တာမို့ ပရိသတ်တွေကလည်း စိုးရိမ်စိတ်တွေနဲ့ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။


သတင်းအရင်းမြစ်: Nwe Darli Tun's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။