အဆိုတော် Oasix ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူ ဖြစ်ပါတယ်။ လူငယ်ပီပီ လမ်းပေါ်ထွက်ကာ အမှန်တရားဘက်ကနေ အားကြိုးမာန်တက် ဆန္ဒထုတ်ဖော်နေသကဲ့သို့ လူမှုကွန်ယက်များမှနေပြီး Speak Out လုပ်ပေးနေတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သတင်းအချက်အလက်များကိုလည်း အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာကြောင့်လည်းပရိသတ်တွေအားလုံးက Oasix ကို ချီးကျူးနေကြတာပါ။


လက်ရှိမှာလည်း စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ ပြည်သူများအား လှူဒါန်းရန်အတွက် အလှူငွေကောက်ခံနေတာပါ။ လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေရန် သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း Oasix ရဲ့Facebook Page တွင် ချစ်ခင်သူများထံမှ ကောက်ခံရရှိထားသော အလှူငွေများကို တကယ်အခက်အခဲဖြစ်နေတဲ့ ပြည်သူများအားလှူဒါန်းသွားမယ့် အကြောင်း ရေးသားပြောပြလာတာပဲ ဖြစ်ပါတယ်။


သူကလည်း " မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် နံ့သာရပ်
မီးဘေးသင့်ပြည်သူများဆီသို့ သွားရောက်ပြီး
ကျွန်တော်တို့ အတူတူ စုပေါင်းကောက်ခံခဲ့သော
အလှူငွေများထဲမှ ၂၀၀၀၀၀ တိတိကို လှူဒါန်းခဲ့ပါသည်
လက်ခံရရှိငွေ ၆၃၆၆၃၈ ကျပ်ရယ် ကျွန်တော် မတည်ငွေ
၁၀၀၀၀၀ စုစုပေါင်း ၇၃၆၆၃၈ ကျပ် အလှုငွေ ရရှိပါတယ်
ကျန်ရှိသေးသော အလှူငွေများကို တကယ် ခက်ခဲနေသူများဆီသို့ သွားရောက်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
အလှူငွေဆက်လက်လှူချင်သူများက နောက်တစ်ခေါက် အလှူလုပ်တာကိုစောင့်ကြည့်ပေးပါ လက်ထဲမှာ အပို
အလှူငွေ ကိုင်မထားချင်လို့ပါ ကျေးဇူးတင်ပါတယ်ဗျာ
၅၀ ၊ ၁၀၀ ကျပ် ကစကပြီး အတူတူ လှူခဲ့ကြသော ချစ်ရသူများရဲ့
အလှူဖြစ်ပါတယ်...ကုသိုလ် အများကြီးရပါစေဗျာ
မြန်မာပြည်တစ်ခုလုံး အမှန်တရား အနိုင်ရပါစေ 🙏🏽 " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ရန် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Oasix’s Facebook Page


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။