သရုပ်ဆောင် မင်းသားကြီး နေထက်လင်းကတော့ အလှူအတန်းရက်ရောသူတစ်ယောက်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မွန်မြတ်တဲ့ စိတ်ထားနဲ့ သဒ္ဓါတရားထက်သန်စွာ ခက်ခဲနေတဲ့နေရာတွေမှာ သွားရောက် အလှူပြုနေတဲ့ နေထက်လင်းက ဒီကနေ့မှာလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့ တိမ်ညိုက စစ်ဘေးရှောင် ၊ မီးဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
နေထက်လင်းက သရုပ်ဆောင် ဘုန်းလျှံနဲ့အတူ စစ်ဘေး ၊ မီးဘေးသင့် ရခိုင်ပြည်သူများကို အားပေးနှစ်သိမ့်စကားတွေပြောကာ ပုဆိုးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို အလှူပြုခဲ့တာပဲ ဖြစ်ပါတယ်။ အခုလိုအခြေအနေမျိုးမှာ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေကို သွားရောက် လှူဒါန်းခဲ့တဲ့ ကြည်နူးစရာ အလှူပုံရိပ်တွေကိုလည်း သူရဲ Facebook Account ထက်မှာ တင်ပေးလာခဲ့တာပါသေးတယ်။
သာဓုခေါ်စရာကောင်းတဲ့ အလှူပုံရိပ်တွေအပြင် နေထက်လင်းက " မြောက်ဦး တိမ်ညိုက စစ်ဘေးရှောင် မီးဘေးရှောင် ရခိုင်ပြည်သူများအတွက် ဘုန်းဘုန်း ဦးဇင်းဘီလူး ဦးဆောင်သော ကျွန်တော်နေထက်လင်း ဘုန်းလျှံ ရိုင်ဒါ ဆုဒါလီ ကေသီနွယ် ထက်လင်းအောင် နေလင်းအောင် တို့ရဲ့ ကုသိုလ်ပြု ကရုဏာခေါ်သံများက ပြောပြနေတယ်။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ မြန်မာပြည်ကြီး အေးချမ်းပါစေသား " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားမျှဝေထားပါသေးတယ်။ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းစေဖို့ ဆုတောင်းပေးနေတဲ့ နေထက်လင်းရဲ့ ပုံရိပ်တွေကိုလည်း ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
သတင်း အရင်းအမြစ်៖ Source & Photo credit - Nay Htet Lin's Facebook Account