ပရိသတ်ကြီးရေ.. လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ နေ့ညမပြတ်ကြောင့်ကြပူပန်နေကြပြီး ဖြိုခွင်းမှုတွေကြာင့်လည်း အသက်ပေးဆုံးရှုံးမှုတွေအများအပြားရှိလာခဲ့ပြီ ဖြစ်ပါတယ်..။
ဖြိုခွင်းမှုတွေရှိနေတဲ့ကြားက သွေးမအေးသွားဘဲ အနာဂတ်တွေအတွက် ဆက်လက်ကြိုးစားနေကြတဲ့ လူငယ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေကြတာ တွေ့ရပါတယ်..။



နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာတော့ ပြည်သူတွေအားလုံးက အမျိုးမျိုးသောလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို အနုပညာရှင်တွေစုပေါင်းပြီးတော့လည်း လူနဲ့မီးအိမ်သပိတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်..။j
အမှောင်ခေတ်ကိုမကြောက်ဖို့ ဉာဏ်မီးအိမ်လှုပ်ရှားမှုဖြစ်တဲ့ အဆိုပါလူနဲ့မီးအိမ်သပိတ်မှာတော့ နာမည်ကျော်သရုပ်ဆောင်အနုပညာရှင်တွေအပြင် ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံရတဲ့ အနုပညာရှင်တွေလည်း ပါဝင်ကြတာ တွေ့ရပါတယ်..။




"လူနဲ့မီးအိမ်သပိတ်
အာဏာရှင်အောက်
အမှောင်ခေတ်ရောက်လည်း
ငါတို့မကြောက် ဒူးမထောက်ဘဲ
ဉာဏ်မီးအိမ်အလင်း အမှောင်ခွင်းဖို့
ထွန်းညှိလိုက်သည်......
လောကတခွင်လုံး
လင်းစေသတည်း။.." ဆိုပြီးတော့လည်း ရေးသားထားပြီး လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှထားပါ..။
တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် အဖက်ဖက်ကနေ လုပ်ဆောင်နေကြတဲ့ ဘုန်းဆက်သွင်တို့အနုပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကိုတော့ ပြည်သူပရိသတ်တွေကလည်း အားပေးစကားတွေပြောထားကြတာ တွေ့ရပါတယ်..။



သတင်းအရင်းမြစ်: PhoneSett Thwin's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။