အလှမပြင်ပေးတတ်ပေမယ့်လည်း သမီးလေးတွေလှဖို့အတွက် ပိတောက်ပန်းလေးတွေကို ခေါင်းမှာသေချာပန်ပေးနေကြတဲ့ ဘုန်းဘုန်းများ

//s9.kh1.co/e9/e96871a25e86cdfcbde1ab787c3f7c4858a1b346.jpeg
နေ့စဉ်သတင်းများ

 ၀၇-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အလှမပြင်ပေးတတ်ပေမယ့်လည်း သမီးလေးတွေလှဖို့အတွက် ပိတောက်ပန်းလေးတွေကို ခေါင်းမှာသေချာပန်ပေးနေကြတဲ့ ဘုန်းဘုန်းများ

မြန်မာနိုင်ငံမှာဆိုရင် ပြည်သူအချင်းချင်းကူညီပေးဖို့အတွက် ဖောင်ဒေးရှင်းတွေဖွဲ့စည်းထားကြသလို မိဘမဲ့ကလေးငယ်လေးတွေအတွက်လည်း ဂေဟာလေးတွေဆောက်ပြီး စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း မိဘမေတ္တာငတ်မွတ်နေကြတဲ့ ကလေးငယ်လေးတွေအတွက် ဂေဟာတွေကိုသွားရောက်ပြီးတတ်နိုင်သလောက်လှူဒါန်းကြတာ ဖြစ်ပါတယ်။မန္တလေးမြို့မှာရှိတဲ့ YGW ပရဟိတမိဘမဲ့ကျောင်းလေးမှာဆိုရင်လည်း ကလေးငယ်လေးတွေအများအပြားကို ဘုန်းဘုန်းတို့က ပြုစုစောင့်ရှောက်ထားကြတာ ဖြစ်ပါတယ်။

Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး

ဘုန်းဘုန်းတို့က ကလေးတွေကို မေတ္တာအပြည့်အဝပေးပြီး ကျွေးမွေးစောင့်ရှောက်လာခဲ့လို့ ကလေးတွေကလည်းကျန်းကျန်းမာမာနဲ့ ချစ်စရာကောင်းအောင် ကြီးပြင်းလာခဲ့ကြတာ ဖြစ်ပါတယ်။အလှူရှင်တွေကလည်း YGW ပရဟိတမိဘမဲ့ကျောင်းကိုသွားရောက်ပြီး ချစ်စရာကလေးငယ်လေးတွေအတွက် လှူဒါန်းပေးကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဘုန်းဘုန်းတို့က အလှမပြင်ပေးတတ်ကြပေမယ့်လည်း သမီးလေးတွေလှဖို့အတွက် ခေါင်းမှာပိတောက်ပန်းတွေ သေသေချာချာပန်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး

ကလေးတွေအကုန်လုံးကလည်း မျက်နှာမှာသနပ်ခါးတွေလိမ်းခြယ်ထားပြီး ပိတောက်ပန်းလေးပါပန်ထားကြတော့အရမ်းချစ်စရာကောင်းနေကြတာဖြစ်ပါတယ်။ကလေးတွေကတော့ ဘုန်းဘုန်းတို့ရဲ့မေတ္တာတရားတွေကြောင့် နေ့ရက်တိုင်းကို စိတ်ချမ်းသာစွာဖြတ်သန်းနေရတာဖြစ်ပါတယ်။ကလေးငယ်လေးတွေအတွက် လှူဒါန်းချင်တယ်ဆိုရင်တော့ မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၂)၊ကနောင်မင်းသားကြီးလမ်း (၅၈)လမ်းကို သွားရောက်ကူညီပေးလို့ရကြောင်းကို နှိုးဆော်ရင်း ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး

Source&Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T