သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ပရိသတ်တွေကြားမှာ ပရဟိတမင်းသမီးအဖြစ် ရေပန်းစား နာမည်ကြီးနေသူတစ်ယောက်ပါ။ အနုပညာအသိုင်းအဝိုင်းက အခက်အခဲ ဖြစ်နေကြသူများနဲ့ စားဝတ်နေရေး မပြေလည်သူများကိုလည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီလှူဒါန်းပေးနေသူပါ။ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာကိုတည်ထောင်ထားပြီး ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။


ဒါ့အပြင် လူမမယ်ကလေးငယ်လေးများကိုလည်း နွေးထွေးမှုအပြည့်နဲ့ ခေါ်ယူမွေးစားကာ ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ပရဟိတသူရဲကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကြောင့်လည်း ပရိသတ်များက လေးစားအားကျနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် စစ်ပြေးရင်း ဆုံးပါးသွားခဲ့သော ပြည်သူတစ်ဦးရဲ့သားငယ်လေးကို ခေါ်ယူစောင့်ရှောက်မွေးစားသွားဖို့အတွက် စီစဉ်နေတဲ့ အကြောင်းကို ရေးသားထားတာပါ။


" ဖခင်က တာဝန် မယူဘဲ စွန့်ပစ်ထားပြီး မိခင်က စစ်ပြေးရင်း ဆုံးသွားခဲ့တဲ့ အတွက် တစ်ယောက်ထဲ ကျန်ခဲ့တဲ့သားငယ်လေးကို ခေါ်ယူ စောင့်ရှောက်မွေးစားဖြစ်ပါတယ်ရှင်..ကလေးက (၄၅)ရက် ပြည့်ပြီမို့ လေယာဉ်စီးလို့ရတဲ့အတွက် မနက်ဖြန် လေယာဉ်နဲ့ ရန်ကုန်ကို ရောက်ရှိမှာ ဖြစ်ပါတယ်..တစ်ဖက်မှာလည်း အခက်အခဲတွေ နဲ့ တစ်ဖက်ကလည်း စောင့်ရှောက်ပေးရတဲ့ အတွက် ရတဲ့ ပီတိတွေ နဲ့ ပဲ ကြိုးစားရုန်းကန် အားမွေးနေရပါတယ်ရှင်...🙏🙏🙏" ဆိုပြီး ရေးသားဝေမျှပေးထားတာပါ။ စိတ်ထားမွန်မြတ်ပြီး လူတကာကို ကူညီချင်စိတ်ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေလည်း ကံကောင်းခြင်းတွေ အမြဲရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Khine Hnin Wai’s Facebook Page


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။