ပရိသတ်ကြီးရေ.. တော်လှန်ရေးတိုက်ပွဲကြီးရဲ့ လူထုလှုပ်ရှားမှုတွေမှာ တတ်ကြွစွာပါဝင်ခဲ့တဲ့ နိုင်ငံကျော်မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောပိုင်တံခွန်ကတော့ ဒီကနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးခံလိုက်ပြီလို့ သိရပါတယ်..။
ပိုင်တံခွန်ကို ဧပြီလ(၇)ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို အမှုဖွင့်အရေးယူထားကြောင်း ကြေညာလိုက်တာဖြစ်ပြီး ဒီကနေ့ ဧပြီလ(၈)ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပဲ ဖြစ်ပါတယ်..။


မနက်(၅)နာရီအချိန်က မြောက်ဒဂုံအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတာဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာတော့ ပိုင်တံခွန်ဟာ ကျန်းမာရေးအခြေအနေတော်တော်လေးကို ဆိုးဝါးနေတယ်ဆိုပြီးတော့လည်း အစ်မဖြစ်သူမေချစ်သွေးက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောပြထားပါတယ်..။
ပိုင်တံခွန်ကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ တတ်တတ်ကြွကြွနဲ့ပါဝင်ခဲ့တာဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ အိမ်ကိုခေတ္တပြန်ရောက်နေတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်တာပါ..။


"ဒီနေ့ မနက် ၅နာရီမှာ ရဲနဲ့စစ်သား ကား 8 စီးနဲ့
ပိုင်တံခွန်ကို လာဖမ်းသွားကြပါပြီ
မြောက်ဒဂုံအိမ်မှာ လာဖမ်းသွားတာပါ
Speak Out များများလေး လုပ်ပေးကြပါ
ကျန်းမားရေး အရမ်းဆိုးနေလို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးဗျာ😢🙏
Edit.. နေမကောင်းအရမ်းဖြစ်နေလို့ အမေတို့ဆီ ခဏ လာနေနေတာပါ😢.." ဆိုပြီး အစ်မဖြစ်သူက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာပါ..။
ကျန်းမာရေးအခြေအနေဆိုးဝါးနေတဲ့ ပိုင်တံခွန်အတွက် ပရိသတ်တွေအားလုံးကလည်း စိုးရိမ်တကြီးနဲ့ စိတ်ပူနေကြပြီး အမြန်ဆုံးနေကောင်းကျန်းမာလာစေဖို့နဲ့အတူ ပြန်လည်လွတ်မြောက်လာဖို့ကိုလည်း စိတ်မကောင်းစွာဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။


သတင်းအရင်းမြစ်: May Chit Thway's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။