အဆိုတော် ထူးအယ်လင်းကတော့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုရင်း ပရိသတ်တွေရဲ့အားပေးမှုတွေ ရရှိနေသူတစ်ဦး ဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံအနှံ့သွားရောက်ကာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးနေတဲ့ ပရဟိတသူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်က အစ်မဖြစ်သူ ကွယ်လွန်သွားတာကြောင့် ပရိသတ်တွေနဲ့ ဂီတလောကမှမိတ်ဆွေများက စိတ်မကောင်းဖြစ်နေကြတာပါ။


ထူးအယ်လင်းရဲ့ အစ်မဟာ ၂၇.၃.၂၀၂၁ ရက်နေ့တွင် နေအိမ်အတွင်း နေထိုင်နေစဉ် ဝမ်းဗိုက်သို့ ကျည်ဆံ ထိမှန်ကာ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကိစ္စဖြစ်ပွားချိန်မှာ ထူးအယ်လင်းကတော့ ဓမ္မာရုံဆောက်လုပ်ရန်အတွက် နယ်ဘက်သို့ ရောက်ရှိနေတာပါ။ သတင်းကြားကြားချင်းမှာဘဲ အစ်မဖြစ်သူအတွက် သူရောက်ရှိတဲ့နေရာကနေ သက်ပျောက်ဆွမ်းသွပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။


မနေ့ကလည်း ထူးအယ်လင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော အစ်မဖြစ်သူရဲ့ ရက်လည်အတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကာ အမျှအတန်း ပေးဝေခဲ့တဲ့ ထူးအယ်လင်းရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ပို့စ်အောက်တွင်လည်း ပရိသတ်များက အစ်မ ဥမ္မာရှိန်အတွက် သာဓုခေါ်ဆိုကာ အမျှပေးဝေနေတာဖြစ်တာကြောင့် ပရိသတ်တွေလည်း ကြည့်ရှုလို့ရအောင် ဒီဗီဒီယိုဖိုင်ကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Htoo El Lynn’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။