အဆိုတော် ဆိုဖီယာရဲ့ အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတဲ့ သီချင်းတွေကို ပရိသတ်တွေက တစ်ခဲနက် အားပေးနားဆင်နေကြတာပါ။ ပရိသတ်တွေအပေါ်မှာလည်း တလေးတစားရှိပြီး အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်သူ ဖြစ်တာကြောင့် အားလုံးက ချီးကျူးနေကြတာပါ။ ဆိုဖီယာကတော့ ဖေဖော်ဝါရီလက လမ်းပေါ်ထွက်ကာ သူတို့ရဲ့ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေအတွက် စားစရာ၊သောက်စရာများ လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။


အခုလက်ရှိမှာ အခြေခံလူတန်းစားတွေ စားဝတ်နေရေး ခက်ခဲနေကြတာဖြစ်တဲ့ အတွက် ပြည်သူအချင်းချင်း လိုအပ်တာတွေ ဝိုင်းဝန်း ကူညီပေးနေကြတာကို မြင်တွေ့ရတာ ကြည်နူးစရာကောင်းလှပါတယ်နော်။ ဆိုဖီယာကလည်း သူငယ်ချင်းတွေနဲ့ စုပေါင်းကာ လိုအပ်တဲ့နေရာတိုင်းကို သွားရောက်ပြီး စားနပ်ရိက္ခာတွေကို ဖေးမကူညီဆောင်ရွက် ပေးနေတာလည်း ဖြစ်ပါတယ်။ တကယ်အခက်အခဲဖြစ်နေသူများကိုယ်တိုင် သူမရဲ့ အကောင့်ကိုဆက်သွယ်ပေးကြဖို့လည်း ဆိုဖီယာက ရေးသားထားပါသေးတယ်။



မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ လိုအပ်တဲ့ စားသောက်ကုန်တစ်ချို့အား သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ သူမကလည်း " ယနေ့ ဘုန်းကြီးကျောင်း အတွက်
ဆန်၊ ဆီ၊ ဆား ၊ ပဲ ၊ ခေါက်ဆွဲခြောက် နိုင်သလောက်သွား၍ လှူတန်း ခဲ့ပါတယ်
ပါဝင်လှူတန်းပေးသော သူများကိုလည်း ကျေးဇူး တင်ပါတယ် ရှင်🙏🏻" ဆိုပြီး ရေးသားထားတာကြောင့် ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေရန် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Sophia Everest’s Facebook page



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။