April လ ၈ ရက်နေ့ twitter ပေါ်မှာတော့ မနက်ပိုင်းထဲက super model ပိုင်တံခွန်အဖမ်းခံရတဲ့ သတင်းပျံ့ နှံ့နေတာကို တွေ့ရပါတယ်။
ပျံ့နှံ့လာတဲ့ သတင်းတွေအရတော့ ပိုင်တံခွန်ဟာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်လောက်မှာ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ အဖမ်းခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဖမ်းခံထားရတဲ့ အနုပညာရှင်တွေဖြစ်တဲ့ လူမင်း ၊ စောဖိုးခွား ၊ ပိုင်တံခွန် ၊ ရဲတိုက် ၊ ဝင်မင်းသန်း ၊ မင်းထင်ကိုကိုကြီး ၊ ဇာဂနာ တို့ကို ဘေးကင်းစေဖို့အတွက် အနုပညာရှင်တွေကိုယ်တိုင် speak out လုပ်ပေးနေတာကိုတွေ့ရပါတယ်။
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ Twitter ဟာ MilkTeaAlliance အတွက် emoji အသစ်ကို စတင်မိတ်ဆက်ပေးတဲ့ သတင်းပဲဖြစ်ပါတယ်။
ဒါ့အပြင် နယ်ဘက်က အိမ်တွေမှာ PSI စလောင်းတပ်ထားတဲ့ အိမ်တွေကို လိုက်လံဖြုတ်ခိုင်းကာ သိမ်းဆည်းမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း တက်လာတာကိုတွေ့ရပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်အချို့မှာဆိုရင် လျှုပ်စစ်ပစ္စည်းဆိုင်တွေမှာ ရောင်းချဖို့ထားရှိထားတဲ့ PSI စလောင်းတွေကိုပါ လိုက်လံသိမ်းဆည်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။