မြို့နယ်အစုံကလှူကြတဲ့ အမျိုးသမီးအဝတ်အစားတွေကို သေသေချာချာလေးသန့်ပြီး အမျိုးအစားတွေခွဲကာ ပြင်ဆင်နေကြတဲ့ ယောက်ျားလေးများ

//s9.kh1.co/83/8384180a86ff45a4d4bdb9411d2c10a53234410f.jpeg
နေ့စဉ်သတင်းများ

 ၀၉-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မြို့နယ်အစုံကလှူကြတဲ့ အမျိုးသမီးအဝတ်အစားတွေကို သေသေချာချာလေးသန့်ပြီး အမျိုးအစားတွေခွဲကာ ပြင်ဆင်နေကြတဲ့ ယောက်ျားလေးများ

လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်သူတွေက အချင်းချင်းဝိုင်းဝန်းကူညီကြပြီး အမှန်တရားအတွက် ဆက်လက်ရင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။မြန်မာပြည်တွင်းကလူတွေကိုကူညီပေးဖို့အတွက် ပြည်ပရောက်မြန်မာလူမျိုးတွေကပါ အလှူငွေတွေလှူဒါန်းပြီး တစ်တပ်တစ်အားပါဝင်အားဖြည့်ပေးကြတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ ကရင်ပြည်နယ်က ရွာတချို့မှာ စစ်ဘေးဒုက္ခကိုခံစားနေရတာဖြစ်လို့ ပြည်သူလူထုကလည်း ကရင်တိုင်းရင်းသားတွေရဲ့ သောကအပူမီးတွေကို မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေကတော့ စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးဖို့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာအလှူခံကြတာကြောင့် စေတနာရှင်ပြည်သူတစ်စုကလည်း အားတက်သရောပါဝင်လှူဒါန်းကြတာ ဖြစ်ပါတယ်။အဝတ်တစ်ထည်၊ကိုယ်တစ်ခုနဲ့ တောထဲပြေးပုန်းရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အဝတ်အစားတွေနဲ့ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေကိုလည်းလှူဒါန်းကြတာ ဖြစ်ပါတယ်။အခုဆိုရင်တော့ မြို့နယ်အစုံကလှူဒါန်းကြတဲ့အမျိုးသမီးအဝတ်အထည်တွေကို ယောက်ျားလေးတစ်စုက သေသေချာချာသန့်ပြီး ကလေးဝတ်၊လူကြီးဝတ်ခွဲကာပြင်ဆင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ယောက်ျားလေးတစ်စုကတော့” ဘုန်းတွေကံတွေဆိုတာ ကိုယ့်စိတ်ပေါ်ပဲမူတည်တာမို့ စိတ်သန့်သန့်နဲ့ပဲ အားလုံးဝိုင်းဝန်းလုပ်ကြတယ်”ဆိုပြီး စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းဖို့အတွက်သာ စိတ်အားထက်သန်နေကြတာဖြစ်ပါတယ်။နောက်ထပ်လည်း ကလေးငယ်လေးတွေအတွက် အရုပ်လေးတွေလှူချင်သေးတယ်ဆိုပြီး အလှူခံလာတာကြောင့် (ကိုကောင်းဆက်ဝေ၊092032379၊မြစ်ကြီးနား)ကို ပိုရင်လှူပေးကြဖို့အတွက် မေတ္တာရပ်ခံရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T