အလှပန်းထိုးနည်း ပန်းစည်းနည်း သင်တန်း တက်ရောက်နေတဲ့ သင်တန်းသူလေးနှစ်ယောက်ကတော့ ပရိသတ်အချစ်တော် သဇင် နဲ့ ချောရတနာပါ။

ပျောက်ချက်သားကောင်းနေတဲ့ No အဖွဲ့ကအဆိုတော် သဇင် တစ်ယောက် မိတ်ကပ်သင်တန်းဖွင့်နေတာဖြစ်ပြီး အနုပညာအလုပ်တွေလည်း ပြန်လုပ်မယ်လို့ သူမရဲ့ဖေ့ဘုတ်စ်မှာ ပြောဖူးပါတယ်။

သရုပ်ဆောင် ချောရတနာကတော့ သူမရဲ့ မိသားစုလေးနဲ့အတူ ပျော်ရွှင်တဲ့ဘဝလေးဖြတ်သန်းနေပြီး အနုပညာအလုပ်တွေစိပ်နေပါတယ်။

လက်တလောမှာ သင်တန်းမှာ မရမချင်း ကြိုးစားသင်ယူနေတဲ့ပုံလေးတွေကို သဇင်က သူမရဲ့ဖေ့ဘုတ်စ်မှာ ပြန်လည်မျှဝေထားပါတယ်။  

သတင်းအရင်းမြစ် : thazin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။