ရှောင်တိမ်းနေရသူတွေနဲ့ဖမ်းဆီးခံထားရသူတွေကို သနားသောအားဖြင့် သတင်းအမှားတွေတင်ပြီးမခြောက်လှန့်ကြဖို့ တောင်းဆိုလိုက်တဲ့ ပိုင်ဖြိုးသု

//s9.kh1.co/85/85b8dc8a4cdd7b701346c1676a8a74a80ef3ee52.jpg
အနုပညာရှင်များ

 ၀၉-ပြီ-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော ပိုင်ဖြိုးသုကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းကပါဝင်ခဲ့ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့သူပဲ ဖြစ်ပါတယ်..။

ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူဒါရိုက်တာဏကြီးတို့ကတော့ လူထုလှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်များထဲမှာလည်း သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံး ပါဝင်တာ တွေ့ရပါတယ်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

ပိုင်ဖြိုးသုကတော့ လက်ရှိအခြေအနေတွေအရ ရှောင်တိမ်းနေရပေမယ့်လည်း ပြည်သူတွေနဲ့အနာဂတ်တွေအတွက် တတ်နိုင်သလောက် အားဖြည့်လုပ်ဆောင်နေပြီး သတင်းအမှားတွေတင်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုသတိပေးပြောပြလာပါတယ်..။

ရှောင်တိမ်းနေရသူတွေနဲ့ ဖမ်းဆီးခံထားရသူတွေကို သနားသောအားဖြင့် သတင်းအမှားတွေတင်ပြီးမခြောက်လှန့်ကြဖို့ကို ပိုင်ဖြိုးသုက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တိုက်တွန်းတောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

"ဆရာလုပ်တာမဟုတ်ပါဘူး...

ဉာဏ်မီသလောက်စဉ်းစားမိတာလေးပါ...

အခုချိန်မှာ တော်တော်များများ internet connectionတွေမရကြတော့ပါဘူး...

ခါတိုင်းပုံမှန်postတင်နေကြတဲ့သူအားလုံးနီးပါးလည်း ၅၀၅ နဲ့ဝရမ်းထုတ်ခံထားရတာနဲ့ ဝရမ်းမှာပါလာဖို့potentialများတာနဲ့မို့ ပြေးရင်းပုန်းရင်းinternetသုံးရတာမို့..အရင်လိုသတင်းတိုင်းကိုမတင်နိုင်ကြသလို စိတ်ဓါတ်တက်ကြွအောင် အားပေးတဲ့စာတွေရေးတင်ဖို့ကလည်းအဆင်မပြေကြ‌တော့ပါဘူး...

အဲဒီလိုအချိန်မှာ အနူးညွတ်တောင်းပန်လိုတာက ငါ့အိမ်ကိုတော့ စစ်သားအင်အားဘယ်နှစ်ယောက်နဲ့တောင်လာရှာတာတစ်အိမ်လုံးကိုဘယ်လိုဖျက်ဆီးသွားတာ တစ်ရပ်ကွက်လုံးကိုနာမည်စာရင်းကြီးနဲ့ဘယ်လိုပိုက်စိပ်တိုက်ရှာတာဆိုတဲ့ သတင်းအမှားတွေတင်ပြီး ခြောက်လှန့်ခြင်းမပြုကြပါနဲ့....

အခုချိန်မှာ ၅၀၅နဲ့ဝရမ်းထုတ်ခံရတာ ရှာဖွေဖမ်းဆီးခံရတာတွေဟာ လူစိတ်ဝင်စားခြင်းခံရဖို့အတွက်လက်မှတ်မဟုတ်ပါဘူး...

တကယ်ပုန်းနေပြေးနေရသူတွေကိုအားနာပါ....

တကယ်မတရားဖမ်းဆီးခံရသူတွေကို သနားပါ....

သတင်းအမှားတွေက သတင်းအမှန်တွေကိုဖုံးလွှမ်းသွားရင် လူတွေမှာအကြောက်တရားစိုးမိုးသွားရင် ဘယ်သူ့အတွက်မှအကျိုးမရှိပါဘူး....

နောက်တစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ကို partyပေးပျော်မြူးနေကြတဲ့2019လောက်ကပုံအဟောင်းတွေကိုအခုလက်ရှိဖြစ်ပျက်နေသလို ဟန်ဆောင်တင်တာပါ...

အခုချိန်ဟာ followerများအောင်ကြိုးစားရမယ့်အချိန်မဟုတ်ပါ...မိမိbusinessအောင်မြင်ဖို့follower‌တွေများဖို့ အရေးတော်ပုံအောင်မှကြိုးစားကြရအောင်ပါ...

အရေးတော်ပုံအောင်ရမည်.." ဆိုပြီး ပိုင်ဖြိုးသုက အသိပေးရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

သတင်း အရင်းအမြစ်Paing Phyo Thu's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T