စားနပ်ရိက္ခာအခက်အခဲဖြစ်နေတဲ့ သီပေါမြို့ကစစ်ဘေးရှောင်ပြည်သူ (၇၀၀)ကျော်အတွက် လှူဒါန်းပေးဖို့မေတ္တာရပ်ခံလာတဲ့ ပြည်သူတချို့

//s9.kh1.co/d6/d668ab65d604a0e2b4b9ba2dd9ce8bdf5a800bbc.jpeg
နေ့စဉ်သတင်းများ

 ၁၀-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

စားနပ်ရိက္ခာအခက်အခဲဖြစ်နေတဲ့ သီပေါမြို့ကစစ်ဘေးရှောင်ပြည်သူ (၇၀၀)ကျော်အတွက် လှူဒါန်းပေးဖို့မေတ္တာရပ်ခံလာတဲ့ ပြည်သူတချို့

လတ်တလောမှာဆိုရင်တော့ ပြည်သူလူထုက မိမိတို့ရဲ့အခက်အခဲတွေကိုလည်းရင်ဆိုင်နေကြရင်း စစ်ဘေးရှောင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပါ ကိုယ်ချင်းစာနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ပြည်သူတွေက မိမိတို့မှာရှိသလောက်အင်အားနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေကလည်း မိမိတို့အသက်မဆုံးရှုံးဖို့အတွက် ဘေးကင်းရာကိုပြေးနေရတာဖြစ်လို့ အဆင်ပြေသလိုသာ နေထိုင်စားသောက်နေရတာဖြစ်ပါတယ်။

Photo Credit: Food Not Bombs Northern Shan State Page

ပြည်သူတွေကလည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အထည်၊အသုံးအဆောင်ပစ္စည်းတွေအပြင်ကလေးငယ်လေးတွေအတွက် အရုပ်တွေပါလှူဒါန်းကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း သီပေါမြို့က စစ်ဘေးရှောင်ပြည်သူ(၇၀၀)ကျော်ကတော့ နေ့စဉ်စားသောက်ဖို့အတွက်တောင် စားနပ်ရိက္ခာအခက်အခဲနဲ့ကြုံနေရတယ်လိုသိရပါတယ်။စေတနာရှင်ပြည်သူတစ်စုကလည်း သီပေါမြို့၊စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတချို့ကို လှူဒါန်းပေးကြတာဖြစ်ပါတယ်။

Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအပြင် စစ်ဘေးဒဏ်ကိုပါခံစားနေရတဲ့ သီပေါမြို့က ပြည်သူတွေအတွက်အလှူရှင်တွေများစွာလိုအပ်နေတာဖြစ်ပါတယ်။သီပေါမြို့နယ်စစ်ရှောင်စခန်းမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို ကူညီလှူဒါန်းပေးချင်တယ်ဆိုရင်တော့ (09 788244165)ကိုလည်းဆက်သွယ်နိုင်သလို(Food Not Bombs Northern Shan State Page)မှာလည်း တိုက်ရိုက်လှူဒါန်းလို့ရပါတယ်။သွေးချင်းညီအစ်ကိုမောင်နှမတွေရဲ့ ဒုက္ခအကြပ်အတည်းတွေ အမြန်ဆုံးအဆင်ပြေပါစေလို့ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page
Photo Credit: Food Not Bombs Northern Shan State Page

Source&Photo Credit: Food Not Bombs Northern Shan State Page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T